လျှပ်စစ်ဓာတ်အားအမြင့် ဆုံး သုံးစွဲသည့် တနင်္လာ(ဇွန်လ ၂၄ ရက်)နေ့တွင် ယူနစ်သန်း ၇၀ ကျော် သုံးခဲ့ပြီး ဇူလိုင် ၁ ရက် တနင်္လာတွင် ယူနစ် ၆၂ ဒသမ ၅ သန်း သုံးစွဲခဲ့သည်။ ယင်းနှစ်ရက်နှိုင်းယှဉ်ပါက ယူနစ် ၇ ဒသမ ၇ သန်း လျော့နည်းခြင်းဖြစ်သည်။
ဇူလိုင် ၃ ရက်(ဗုဒ္ဓဟူးနေ့)တွင် ယခင်တစ်ပတ် ဗုဒ္ဓဟူးနေ့ (ဇွန်လ ၂၆ ရက်) ထက် ယူနစ် ၅ ဒသမ ၂ သန်း လျော့နည်းသုံးစွဲခဲ့သည်။ ဇူလိုင် ၇ ရက် (တနင်္ဂနွေ)တွင် လည်း ယခင်တစ်ပတ် တနင်္ဂနွေ (ဇွန်လ ၃၀ ရက်)ထက် ယူနစ် တစ် သန်းကျော် လျော့နည်းခဲ့သည်ဟု ၀န်ကြီးဌာနက ထုတ်ပြန်ထား သည်။
‘‘ဘာကြောင့် လျှော့သုံး တယ်ဆိုတာ ခန့်မှန်းလို့မရပါဘူး။ ဈေးကြီးလို့ လျှော့သုံးတာလည်း ရှိမယ်။ မလိုလို့ မသုံးတာလည်း ရှိတယ်’’ဟု လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးစောဝင်း မောင်က ပြောသည်။
လျှပ်စစ်မီတာခ မြင့်တက် မှု များကြောင့် လျှပ်စစ်မီးကို လိုအပ် သည့်အချိန်တွင်သာ အသုံးပြုပြီး မလိုအပ်သည့် နေရာများတွင် မသုံးဘဲ ပိုမိုချွေတာသုံးစွဲလာ ကြောင်း သင်္ဃန်းကျွန်းမြို့နယ်မှ ဒေါ်ကြည်အေးက ပြောသည်။
‘‘အခုရက်ပိုင်း မိုးရွာနေတာ ကြောင့် အဲကွန်းတို့ဘာတို့ မဖွင့် တာလည်း ပါတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။
မီတာခတက်ပြီးနောက် ဓာတ်အားသုံးစွဲမှု လျော့ကျသော် လည်း လူနေရပ်ကွက်များတွင် လျှပ်စစ်မီးပြတ်တောက်မှုများရှိ နေဆဲ ဖြစ်သည်။ ထိုသို့ ပြတ်တောက်ရခြင်း မှာ ဓာတ်အားလိုင်းနှင့် ဓာတ်အား ခွဲရုံများ အပြစ်ဖြစ်ရခြင်းနှင့် ဓာတ် အားလိုင်းများ ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းများကြောင့်ဖြစ်ပြီး ၀န်ကြီးဌာနက လျှပ်စစ်ဖြတ် တောက်ခြင်း မရှိတော့ဟု ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော် ပိုရေးရှင်း အထွေထွေမန်နေဂျာ ဦးတင်အောင်က ပြောသည်။ ထို သို့ ပြုပြင်ထိန်းသိမ်းမှုများတွင် အချို့သည် ကြိုတင်ပြင်ဆင်ချိန် ရှိပြီး အချို့ထိန်းသိမ်းမှုများသည် အရေးပေါ်ဖြစ်၍ ကြိုတင်ကြေ ညာချိန်မရှိဟု ဦးစောဝင်းမောင် က ပြောသည်။
No comments:
Post a Comment