ယူကရိန်းနိုင်ငံမှာ ရုရှားလိုလားတဲ့ သမ္မတကို ရာထူးကဖြုတ်ချပြီး ဥရောပလိုလားတဲ့ ခေါင်းဆောင်တွေကို တင်မြှောက်ခဲ့တဲ့ ၂၀၁၄ ခုနှစ် လူထုဆန္ဒပြပွဲအပြီး အီးယူဟာ ယူကရိန်းဘက်က ရပ်တည်ခဲ့တာပါ။
လွန်ခဲ့တဲ့ငါးနှစ်က ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသမှာ ယူကရိန်းစစ်သားတွေနဲ့ ရုရှား ကျောထောက်နောက်ခံ ပေးထားတဲ့ တပ်ဖွဲ့တွေအကြား လက်နက်ကိုင် ပဋိပက္ခအတွင်း လူပေါင်း တသောင်းသုံးထောင်ကျော် သေဆုံးခဲ့ပါတယ်။
၂၀၁၄ မှာပဲ ယူကရိန်းပိုင်တဲ့ ခရိုင်းမီးယားဒေသကို ရုရှားက ကျူးကျော်သိမ်းပိုက်ခဲ့ပြီးနောက် အီးယူဟာ ရုရှားအပေါ် စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ ယူကရိန်းဆီကို ယူရိုငွေ ဘီလျံချီ ထောက်ပံ့ခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်က ယူကရိန်းနဲ့ ရုရှားအကြား ပဋိပက္ခတွေ မြင့်တက်ခဲ့တဲ့ ဒွန်ဘာ့တ်စ်ဒေသရဲ့ အသေးစား စီးပွားရေးလုပ်ငန်းတွေကို ကူညီဖို့ အပါအဝင် စုစုပေါင်း ယူရို ၁၁၉ သန်း ထောက်ပံ့သွားမယ်လို့ အီးယူက ကြေညာခဲ့ပါတယ်။
No comments:
Post a Comment