Pages
Tuesday, July 9, 2019
ဒေါ်လာ နှစ်သန်းကျော် သယ်လာသူ တောင်ကိုရီးယား နှစ်ဦး ကမ္ဘောဒီးယားရဲ ဖမ်းဆီး
ခွင့်ပြုချက်မရရှိဘဲ အမေရိကန်ဒေါ်လာ နှစ်သန်း နှစ်သိန်း သယ်ဆောင်လာတဲ့ တောင်ကိုရီးယား နိုင်ငံသား နှစ်ယောက်ကို တနင်္ဂနွေနေ့က ဖမ်းဆီးထားတယ်လို့ ကမ္ဘောဒီယား ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။ ဟောင်ကောင်ကနေ Siem Reap နိုင်ငံတကာလေဆိပ်ကိုရောက်လာတဲ့ အဲဒီ တောင်ကိုရီးယား နိုင်ငံသား နှစ်ယောက်ရဲ့ ခရီးဆောင်သေတ္တာထဲမှာပါလာတဲ့ ငွေတွေကို လူဝင်မှုကြီး ကြပ်ရေးတာဝန်ရှိသူတွေက တွေ့ရှိတာဖြစ်ပြီး ငွေအများစုဟာ ရာတန်တွေဖြစ်ပါတယ်။ ဒေါ်လာတွေသယ်လာတဲ့ ဒီလူနှစ်ယောက်ကို စစ်ဆေးမေးမြန်းနေပြီး ငွေတွေကိုလည်း သိမ်းလိုက်ပါတယ်။ ဧပြီလတုန်းကလည်း ခွင့်ပြုချက်မရှိဘဲ အမေရိကန်ဒေါ်လာ သုံးသန်းခွဲကျော် သယ်ဆောင်လာတဲ့ တရုတ်နိုင်ငံသား သုံးယောက်ကို ငွေကြေးခဝါချမှု စွဲချက်တင်ထားပါတယ်။ ပြစ်မှုထင်ရှားရင် ဒီလူတွေဟာ ထောင်ဒဏ် ၁၀ နှစ်က အနှစ် ၂၀ ထိ ကျခံရနိုင်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment