‘‘ကလေးသူငယ် ဥပဒေ ကြမ်းကို ကန့်ကွက်ဆန္ဒဖော်ထုတ် တဲ့ပွဲဖြစ်ပါတယ်။ ကလေးမွေး စားခွင့်ဆိုင်ရာနဲ့ပတ်သက်တဲ့ကိစ္စ ရပ်တွေကို ကန့်ကွက်တာပါ။ လက်ရှိ အဲဒီဥပဒေကြမ်းမှာ ကလေးမွေးစားခွင့် ဆိုင်ရာမှာ တစ်အိမ် ထောင်ကလေးနှစ်ဦးကို နိုင်ငံသားမဟုတ်ဘဲ မွေးစားခွင့် ရှိတာတွေဟာ တိုင်းရင်းသားတွေ အတွက် မကောင်းလို့ကန့်ကွက် တာဖြစ်ပါတယ်’’ ဟု တောင်ကြီး မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦး အောင်သူရရှင်းကပြောသည်။
ဆန္ဒဖော်ထုတ်ရာ လမ်း တစ်လျှောက်တွင် ‘အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေး - တို့အရေး၊ အမျိုးဘာသာသာသ နာကာကွယ်စောင့်ရှောက်ရေး - တို့အရေး၊ တိုင်းပြည်အဖျက်မှန် သမျှ ချေမှုန်းရေး - တို့အရေး၊ ပြည်ပအကြံ သြဇာခံများပပျောက်ရေး - တို့အရေး’ အစရှိ သည့် ကြွေးကြော်သံများဟစ် ကြွေးခဲ့သည်။
အဆိုပါ ဆန္ဒပြပွဲတွင် ပြည် ခိုင်ဖြိုးပါတီဝင်များသာမက အ မျိုးသားရေးလှုပ်ရှားသည့် အဖွဲ့ ၀င်များပါ ပူးပေါင်းပါဝင်သည်။
ဆန္ဒထုတ်ဖော်ပွဲအပြင် ကျောက်တိုင်တွင်းရှိ မိုးလုံလေ လုံအားကစားခန်းမအတွင်း က လေးသူငယ်အခွင့်အရေးများဆိုင် ရာ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချသည့် ဟောပြော ပွဲကို ညနေအထိ ကျင်းပခဲ့သည်။ ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ် သက်ပြီး ပြည်ခိုင်ဖြိုးပါတီက ရန် ကုန်၊ မန္တလေး၊ တောင်ကြီးမြို့ အပြင် အခြားမြို့များ၌ဆန္ဒထုတ် ဖော်ပွဲများ ကျင်းပခဲ့သည်။
No comments:
Post a Comment