လုဇ်အနေဖြင့် ပြီးခဲ့သည့် ရာသီအစပိုင်းက ငြင်းပယ်ခံခဲ့ရ သော အလုပ်ခွင့်ပြုချက် (Work Permit) ရရှိမည်ဟု အက်စတွန်ဗီ လာက ယုံကြည်ထားသည်။
နောက်ခံလူ အန်ဂယ်လ် (၂၄) နှစ်အတွက် သဘောတူညီ ချက်မရသေးသော်လည်း ဆွေး နွေးညှိနှိုင်းမှု ဆက်လက် ပြုလုပ် နေသည်။
လုဇ်နှင့်အန်ဂယ်လ်ကိုခေါ် ယူရန် အက်စတွန်ဗီလာအားက စားညွှန်ကြားရေးမှူး ဂျေးဆပ်ဂါ ဇီယာပတ်ထရစ်ခ်ျက အခိုင်အမာ ထောက်ခံခဲ့သည်။
အန်ဂယ်လ်သည် ပြီးခဲ့သည့် ရာသီက အိုလံပီယာကော့စ်မှ ရိမ်းအသင်းသို့ အငှားဖြင့်လာ ရောက်ကစားခဲ့ပြီး ရာသီကုန်တွင် ရိမ်းအသင်းက အမြဲတမ်းစာချုပ် ဖြင့် ခေါ်ယူခဲ့သည်။
ဗီလာနည်းပြဒန်စမစ်က နောက်တန်း အားဖြည့်နေပြီး ဘုန်းမောက်မှ တိုင်ရွန်မင်းဂ်နှင့် ဘရန့်ဖို့ဒ်မှ အင်္ဂလန်ယူ-၂၁ ဗဟိုခံစစ်မှူး အက်ဇရီကွန်ဆာတို့ ကို ခေါ်ယူထားသည်။
ထို့အပြင် စမစ်သည် ပြီးခဲ့ သည့်ရာသီက ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရချိန် ဗီလာသို့အ ငှားဖြင့် လာရောက်ကစားခဲ့သော ဟက်ဆီနှင့် အန်ဝါအယ်လ်ဂါဇီတို့ ကို ခေါ်ယူပြီး ဆောက်သမ်တန် နောက်ခံလူ မတ်တားဂတ်၊ ဘရု ဂီမှ တိုက်စစ်မှူးဝီစလေနှင့် ဘာ မင်ဂမ်စီးတီးမှ ကွင်းလယ်လူဂျို တာတို့ကိုလည်း ခေါ်ယူခဲ့သည်။ ထို့အပြင် ဗီလာသည် တူရ ကီကလပ် ကာဆင်မ်ပါဆာတွင် ကစားနေသော အီဂျစ်ကွင်းလယ် လူ ထရာဇီဂတ်ကို ပေါင် ၁၀ သန်း ဖြင့် ခေါ်ယူရန်ကြိုးပမ်းနေ သည်။
No comments:
Post a Comment