
"ကျွန်မကတော့ မိခင်တယောက်အနေနဲ့ ပူးပေါင်းပါဝင်ခဲ့တာပါ။ ကျွန်မမှာလည်း သမီးလေးရှိတယ်။ ဒီသတင်းကြားတဲ့အချိန်မှာ ကျွန်မရင်ထဲ တော်တော်အောင့်ပါတယ်။ အရမ်းခံစားရတယ်။ နောက်ထပ် ဗစ်တိုးရီးယားတွေ မဖြစ်ပေါ်လာဖို့အတွက်ပါ"ဟု ယင်းအဖွဲ့ကိုကြီးကြပ်သူ မနွယ်နီထွန်းက ပြောသည်။
ကလေးငယ်များဘဝ လုံခြုံစေရေးနှင့် မျှတသောတရားစီရင်မှုရရှိရေးအတွက် အားလုံးပူးပေါင်းပါဝင်လာခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
လမ်းလျှောက်ပွဲတွင်ပါဝင်သူ ကိုရှင်းသန့်သွေးက"တရားဥပဒေစိုးမိုးရေးရှိစေဖို့အတွက် အခုပွဲမှာ ကျွန်တော်တို့ လူငယ်တွေ ပါဝင်လာကြခြင်းဖြစ်ပါတယ်။ လူငယ်တစ်ယောက် နှစ်ယောက်ကနေ အစုအဖွဲ့တခုအထိ ဖြစ်လာခဲ့ပါတယ်။ ဗစ်တိုးရီးယားလေးအတွက် တရားမျှတမှုရှိစေရေးအတွက်ပါ"ဟု ပြောသည်။
သက်ငယ်မုဒိမ်းမှုနှင့်ပတ်သတ်ပြီး အပြစ်ကျုးလွန်သူများကိုထိုက်တန်သော အပြစ်ဒဏ်ပေးရမည်ဖြစ်ပြီး လိုအပ်ပါက သေဒဏ်ပေးရန်ထိုက်တန်ကြောင်း ဆက်လက်ပြောသည်။
ဆန္ဒပြပွဲတွင်ပါဝင်သူများသည် တရားဥပဒေစိုးမိုးမှုရရှိရေး၊ နောက်ထပ်ဗစ်တိုးဒီးယားများ အလိုမရှိ၊ ဗစ်တိုးရီးယားအတွက် တရားမျှတမှုရှာဖွေပေးပါ၊ ကလေးသူငယ်များအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ဖန်တီးပေးပါစသည့် ဗီနိုင်းများကိုကိုင်ဆောင်ကာ ဟစ်ကြွေးခဲ့ကြသည်။
No comments:
Post a Comment