
“ကျွန်မ တို့ ဌာန အနေနဲ့ ရေဘေးရှောင် ပြည်သူတွေ အတွက် ဆန်ရိက္ခာ တစ်ပါတ်စာ ထောက်ပံ့ပါတယ်။တစ်ခြားဌာန တွေက ကူညီနေတာတွေလည်းရှိပါတယ်’’ ဟု ဒေါ်သန္တာလှိုင်က ဆိုသည်။
ဇူလိုင်လ ၁၂ ရက် တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ အမှတ်(၃)နှင့် အမှတ်(၄)ရပ်ကွက်တို့တွင်လည်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းများသို့ ရေ(၃)ပေခန့် မြစ်ရေဝင်ရောက်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ရွှေကူမြို့နယ်မီးသတ်စခန်းမှ သန္ဓေ(၁၀)ဦး၊ အရန်(၃)ဦးတို့ဖြင့် ရေနစ်မြှုပ်လျှက်ရှိသော အမှတ်(၃)ရပ်ကွက်ရှိ အိမ်ခြေ(၇)လုံး၊ အိမ်ထောင်စု(၇)စု၊ ကျား(၁၄)၊ မ(၂၃)၊ စုစုပေါင်း(၃၇)ဦးတို့အား အောင်တော်မူဘုရားဝန်းအတွင်းသို့လည်းကောင်း၊ အမှတ်(၄)ရပ်ကွက်ရှိ အိမ်ခြေ(၈)လုံး၊ အိမ်ထောင်စု(၈)စု၊ ကျား(၂၀)ဦး၊ မ(၂၈)ဦး၊ ပေါင်း(၄၈)ဦးတို့အား နီးစပ်ရာတောရဘုန်းကြီးကျောင်းသို့ ယာယီရွှေ့ ပြောင်းပေးခဲ့ပြီး မြစ်ရေမြင့်တက်မှုကြောင့် ရေတိုက်စားပြိုကျရာ ကမ်းပါးတလျှောက်အား သဲ/ကျောက် အိတ်များဖြင့် ရေကာတာအဖြစ် ကူညီဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
No comments:
Post a Comment