ဆီရီနာသည် ဝင်ဘယ်ဒန် ချန်ပီယံ ခုနစ်ကြိမ်ရရှိထားကာ ဆီမိုနာက ဝင်ဘယ်ဒန်ဗိုလ်လုပွဲ ပထမဆုံးအကြိမ် တက်ရောက် လာသူဖြစ်သည်။ ဆီမိုနာဟာ လက်သည် ၎င်း၏တစ်ခုတည်း သော ဂရင်းဆလမ်းဖလားကို ပြီးခဲ့သည့်နှစ် ပြင်သစ်အိုးပင်း၌ ရရှိခဲ့သည်။ ယင်းကစားသမားနှစ်ဦးသည် ယခင်က (၁၀) ကြိမ်တွေ့ဆုံဖူးပြီး ဆီရီနာ (၃၇) နှစ်က ကိုးကြိမ်အ နိုင်ရရှိခဲ့သည်။
သို့သော် ယခုတစ်ကြိမ်ဆီရီ နာနှင့် ရင်ဆိုင်ရမည့် ကြီးမား သော စိန်ခေါ်မှုအတွက် မိမိအနေ ဖြင့် စိတ်ဓာတ်ပိုင်းပိုမိုကြံ့ခိုင်နေ သည်ဟု ဆီမိုနာက ပြောသည်။
‘‘ကျွန်မသူ့ကို အနိုင်ယူဖို့အ ခွင့်အလမ်းရှိတယ်လို့ ယုံကြည်ပါ တယ်။ သူလုပ်ခဲ့တာတွေ၊ သူလုပ် နေတာတွေကို လေးစားပါတယ်။ ဒါပေမဲ့ အခုကျွန်မသူ့ကို ရင်ဆိုင် ဖို့ စိတ်ဓာတ်ပိုင်း ပိုမိုကြံ့ခိုင်နေပါ ပြီ’’ ဟု ဆီမိုနာဟာလက် (၂၇) နှစ်က ပြောသည်။
ဆီရီနာဝီလီယမ်ကလည်း ဗိုလ်လုပွဲတွင် ဆီမိုနာနှင့်ရင်ဆိုင် ရမည့်အရေးနှင့်ပတ်သက်၍ မိမိ အနေဖြင့် အေးဆေးတည်ငြိမ်မှု ရှိရန်သာလိုသည်ဟု ပြောသည်။
‘‘ကျွန်မအေးအေးဆေးဆေး နဲ့ ကိုယ်လုပ်နိုင်တာလုပ်ဖို့ပဲ လိုပါ တယ်။ ဒီနေ့ကျွန်မ တည်ငြိမ်ခဲ့ပါ တယ်’’ ဟု စုစုပေါင်း ဂရင်းဆ လမ်းဖလား ၂၃ ကြိမ်ရရှိထား သော အမေရိကန်တင်းနစ်မယ် က ပြောကြားသည်။ ဝင်ဘယ်ဒန်ဆု ထပ်မံရရှိ လျှင် ၎င်းအနေဖြင့် သြစတြေးလျ တင်းနစ်ဂန္ထဝင်မာဂရက်ကော့ တင်ထားသော ၂၄ ကြိမ်စံချိန်ကို လိုက်မီမည်ဖြစ်သည်။
No comments:
Post a Comment