
စခန်းတွေမှာ ရေကြီးမှုကြောင့် ရေနစ်မြုပ်ကာ ကျန်းမာရေးချို့တဲ့ နေတာတွေ၊ မွေးဖွားမယ့်လူနာတွေအတွက်လည်း အခက်အခဲ ဖြစ်နေတာတွေ ကလေး၊သူငယ်တွေ ပညာမသင်ရတာတွေပေါ့နော် အစရှိတာတွေကို တင်ပြခဲ့တယ်” လို့ ပြောပါတယ်။ တွေ့ဆုံပွဲမှာ စစ်တွေမြို့ပေါ်ရှိ အမျိုးသမီးလူမှုအဖွဲ့အစည်းခေါင်းဆောင်တွေ၊ ကယ်ဆယ်ရေးစခန်းက အမျိုးသမီးတွေ၊ နိုင်ငံရေး အသိုင်းအ၀ိုင်း က အမျိုးသမီးတွေနဲ့ ပရဟိတဆောင်ရွက်နေတဲ့ အမျိုးသမီးတွေ တက်ရောက်ခဲ့ပါတယ်။ “အဓိက ကတော့ မိုးရာသီကျရောက်လာတဲ့အတွက်ကြောင့် ရေကြီးပြီးတော့ ဒုက္ခသည်စခန်းတွေမှာ ရေတွေနစ်မြုပ်နေပြီ၊ ဒုက္ခသည်တွေနေဖို့အတွက် ပြည့်ပြည့်စုံစုံ မဆောက်ပေးနိုင်သေးဘူး၊ သူတို့ဆောက်ပေးတဲ့နေရာမှာလည်း ဒုက္ခသည်တွေက သွားရောက်မနေနိုင်ကြဘူး၊ ဒါကြောင့် ဒုက္ခသည်တွေနဲ့ ညှိနှိုင်းပြီးတော့ ဆောက်သင့်တယ်။ အဲဒါတွေကို အစိုးရအဖွဲ့တွေကို တွန်းအားပေးဖို့ ပြောကြားခဲ့တယ်၊ ကုလအထူးကိုယ်စားလှယ်ဟာ အဲဒီနေ့ နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်လွှတ်တော်ကို သွားရောက်ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။ အဲဒီလိုတွေ့ဆုံရာမှာ စစ်ဘေးရှောင်အရေးနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ရောက်ရှိနေတဲ့ ဘင်္ဂါလီတွေ ပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်”လို့ ရခိုင်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဦးမြသန်းက ပြောပါတယ်။
ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟာ စစ်တွေမြို့ကို ဇူလိုင်(၁၀)ရက်က ရောက်ရှိခဲ့တာဖြစ်ပြီး ရခိုင်အမျိုးသားပါတီက တာဝန်ရှိသူတွေ၊ စစ်ဘေးရှောင်စခန်းတွေ၊ မြေပုံမြို့နယ်က ဒုက္ခသည်စခန်းတွေနဲ့ စစ်တွေမြို့နယ်က ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။ ဇူလိုင်(၁၂)ရက် မနက်ပိုင်းမှာ အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအဖွဲ့ဟာ ဇူလိုင်(၁၂)ရက်ညနေမှာ ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာမယ်လို့ သိရပါတယ်။
No comments:
Post a Comment