‘‘ဘယ်လို ပြဿနာပဲဖြစ်ဖြစ်၊ ဘယ်လိုအကျပ်အတည်းတွေပဲဖြစ်ဖြစ် ကျွန်တော်တို့က စားပွဲဝိုင်းမှာ မျက်နှာချင်းဆိုင် ထိုင်ပြီးတော့ အပြန်အလှန် ဆွေးနွေးညှိ နှိုင်းအဖြေရှာတဲ့နည်းကိုပဲ ကျွန်တော်တို့က ပိုပြီးအသုံးပြုဖို့ ရှိတယ်’’ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။ RCSS သည် ၂၀၁၈ နှစ်ကုန်ပိုင်းကတည်းက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) အရ ဆောင်ရွက်နေသည့် JMC အစည်းအဝေးများတွင် ပါဝင်မှု ရပ်ဆိုင်း ထား သည်။ JMC တွင် RCSS ပါဝင် နိုင်ရေးနှင့်ပတ်သက်ပြီး NCA လက်မှတ်ထိုးအဖွဲ့များအကြား ညှိနှိုင်းပြင်ဆင်မည်ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ဆိုသည်။
တပ်မတော်နှင့် RCSS တို့အကြား ဆွေးနွေးမှု အသေးစိတ်ကို ထုတ်ဖော်ပြောဆိုရန် မရှိသေး ကြောင်းနှင့် တွေ့ဆုံမှု မကြာမကြာ ပြုလုပ်ရန် သဘောထားရရှိ ကြောင်း ၎င်းကပြောသည်။ တပ်မတော်ညှိနှိုင်းရေးအဖွဲ့နှင့် RCSS တို့ မတ်လက တစ် ကြိမ်တွေ့ဆုံကာ တိုက်ပွဲလျှော့ချရေး သဘောတူညီခဲ့သည်။ ယင်းနောက်ပိုင်း တပ်မတော်နှင့်RCSS အကြား ယခင်ထက် တိုက်ပွဲဖြစ်ပွားမှုနည်းပါးပြီး နှစ်ဖက်တာဝန်ရှိသူများက တိုက်ပွဲဖြစ်ပွားမှု မရှိသလောက် လျှော့ချနိုင်ခဲ့သည်ဟု ပြောကြားသည်။
No comments:
Post a Comment