
ဒါ့အပြင် မဲရုံတွေရဲ့ လုံခြုံရေး အပြည့်အ၀ရှိစေဖို့နဲ့ မဲဆန္ဒနယ်မြေတွေ သတ်မှတ်ဖို့၊ ၂၀၂၀ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံး မဲပေးခွင့် အပြည့်အဝရရှိစေဖို့လည်း မှာပါတယ်။
အလားတူ မဲပေးခွင့်ဆုံးရှုံးမှုမရှိစေဖို့၊ မဲစာရင်းတွေပြုစုရာမှာ တိကျမှုရှိစေဖို့၊ ကြိုတင်ဆန္ဒမဲတွေ မှန်ကန်စေဖို့၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတွေနဲ့ ရွေးကောက်ပွဲမှာ တရားမဲ့ပြုကျင့်မှုတွေ မဖြစ်ပေါ်စေဖို့၊ ရွေးကောက်ပွဲ ဥပဒေနဲ့ နည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ အညီ ဆောင်ရွက်ဖို့ လမ်းညွှန်မှာကြားတယ်လို့ သမ္မတရုံးသတင်းမှာ ဖော်ပြပါတယ်။
တွေ့ဆုံပွဲကို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ ကော်မရှင်အဖွဲ့ဝင်တွေ တက်ရောက်ကြပါတယ်။
No comments:
Post a Comment