Wednesday, May 22, 2019

မန္တလေး-ပုဂံ မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်မည်

မန္တလေး-ပုဂံ မီးရထားလမ်းကို အဆင့်မြှင့်တင်ရန် မြန်မာ့မီးရထားက ယ ခုကတည်းက လုပ်ငန်းသုံးပစ္စည်းများကို နွားထိုးကြီးဘူတာသို့ စတင်ပေးပို့နေပြီဖြစ်ကြောင်း နွားထိုးကြီး သံလမ်းအုပ်ကြီးထံမှ သိရသည်။ ပုဂံ-မန္တလေးမီးရထားလမ်းပိုင်းကို နွားထိုးကြီးသံလမ်းအုပ်က ပြင်ဆင်ထိန်းသိမ်းရ၍ ယခုကဲ့သို့ သံလမ်းသုံးအပိုပစ္စည်းများ ရောက်နေခြင်းဖြစ်ကြောင်း သိရသည်။



"မန္တလေး-ပုဂံ ရထားလမ်းကို လက်ရှိပေါင် ၆၀ သံလမ်းများအစား ၇၅ ပေါင်သံလမ်းဖြင့် အစားထိုးပြင်ဆင်ရန် ရှိနေသည်။ ပုဂံရထား လမ်းကို မီးရ ထားလမ်းသုံးကျောက်များ အစားထိုးခြင်း၊ သစ်သားဇလီဖားတုံးများအ စား ကွန်ကရစ်တုံးများဖြင့် ပြောင်းလဲနိုင်၍ ယခုအခါ မီးရထားလမ်းချော်ကျခြင်းမရှိသလောက် ဖြစ်သွားပါတယ်"ဟု နွားထိုးကြီးဘူတာရုံပိုင်က ပြောဆိုသည်။

မန္တလေး-ပုဂံရထားကို လော်ကယ်ရော အမြန်ရထားပါ နေ့စဉ်အစုန်အဆန် လေးစင်း ပြေးဆွဲနေ၍ ဒေသခံများ၊ ပုဂံဘုရားဖူးများနှင့် နိုင်ငံခြားသားများအတွက် အဆင်ပြေနေ သည်။

No comments:

Post a Comment