
တက္ကဆက်ပြည်နယ် ဘာလင်ဂျာမြို့က လေဆင်နှာ်မောင်းကြောင့် လူတယောက် ထိခိုက်ဒဏ်ရာရတယ်လို့ မိုးလေဝသဌာနက ဆိုပါတယ်။
လူဝီစီယားနားပြည်နယ် အီဗန်ဂလင်းနယ်မှာတော့ ပြင်းထန်တဲ့ မိုးကြိုးမုန်တိုင်းတွေကြောင့် နေအိမ်နဲ့ လုပ်ငန်း သုံးပုံတပုံခန့် လျှပ်စစ်မီးပြတ်တောက်ပြီး အဆောက်အဦတွေ ပျက်စီးခဲ့ပါတယ်။
တချိန်တည်းဆိုသလို တောင်ဒါကိုတာ၊ ဝီလ်ကွန်ဆင်နဲ့ မစ်ဇူရီပြည်နယ်တွေ အပါအဝင် အမေရိကန် အနောက်အလယ်ပိုင်း လွင်ပြင်တွေမှာ မေလ ၂၁ ရက်နေ့အထိ မိုးဆက်ရွာမယ်လို့ မျှော်လင့်ရပါတယ်။
No comments:
Post a Comment