
ဖီလိ ဒေါ်ဖန်ဟာ ဆေးခြောက်နဲ့ စိတ်ကြွဆေးဝါးတွေ အပါအဝင် မူးယစ်ဆေးဝါးတွေကို ခရီးဆောင်အိတ်တခုထဲမှာ ထည့်လာတာ တွေ့ရပေမယ့် ဆေးစစ်ကြည့်လိုက်တဲ့အခါ မူးယစ်ဆေး သုံးထားတာ မတွေ့ရပါဘူး။
အဲဒါကြောင့် သူဟာ ရောင်းဝယ်ဖောက်ကားဖို့သက်သက် ဖြစ်တယ်လို့ အစိုးရရှေ့နေတွေက ယူဆပါတယ်။
သေဒဏ်အမိန့်အတွက် အသနားခံစာ တင်သွားမယ်လို့ ဖီလိ ဒေါ်ဖန်ရဲ့ ရှေ့နေက ပြောပါတယ်။
အင်ဒိုနီးရှားနဲ့ တခြား အရှေ့တောင်အာရှ နိုင်ငံတွေဟာ မူးယစ်ဆန့်ကျင်ရေး ဥပဒေတွေ ချမှတ်တဲ့နေရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။
၂၀၁၅ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံက မူးယစ်မှောင်ခိုကူးမှုနဲ့ သြစတြေးလျနိုင်ငံသား နှစ်ယောက် အပါအဝင် ပြည်ပနိုင်ငံသားတချို့ကို သေဒဏ်စီရင်ခဲ့တာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဝေဖန်ခံခဲ့ရပါတယ်။
No comments:
Post a Comment