မြို့တော် တက်ဘလီဆီက လွှတ်တော်အဆောက်အအုံရှေ့မှာ ရဲတပ်ဖွဲ့တွေ တန်းဆီရပ်နေတဲ့ လူအုပ်တန်းကို ဆန္ဒပြသူတွေက တွန်းဖယ်ဖို့ ကြိုးစားခဲ့တဲ့အပြင် ရေဘူးတွေနဲ့ ပစ်ပေါက်ပြီး ရဲတွေကိုင်ဆောင်ထားတဲ့ ဒိုင်းတွေကိုလည်း လုယူခဲ့ကြပါတယ်။
အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေကလည်း မျက်ရည်ယိုဗုံးတွေ၊ ရော်ဘာကျည်တွေနဲ့ မီးသတ်ပိုက်တွေသုံးပြီး လူစုခွဲဖို့ ကြိုးစားခဲ့ပါတယ်။ ရုန်းရင်းဆန်ခတ်မှုအတွင်း ဒဏ်ရာရသူတွေကိုတော့ ဆေးရုံပို့ဆောင်ခဲ့ကြပါတယ်။
လက်ရှိမှာတော့ လွှတ်တော်အဆောက်အအုံရှေ့မှာ ဆန္ဒပြသူတွေ တော်တော်များများ လူစုကွဲသွားပေမယ့် အနားကလမ်းတွေမှာ ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ စုဝေးနေကြသေးတာကြောင့် ရဲတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲနေပါတယ်။ ဂျော်ဂျီယာနိုင်ငံမှာ ရုရှားရဲ့ လွှမ်းမိုးမှုဟာ ထိရှလွယ်တဲ့ နိုင်ငံရေးအကြောင်းအရာ တခုပါ။ အမေရိကန်မဟာမိတ်ဖြစ်တဲ့ ဂျော်ဂျီယာနိုင်ငံဟာ ၂၀၀၈ ခုနှစ်က ရုရှားနဲ့စစ်ဖြစ်ပြီး ရှုံးနိမ့်ခဲ့ပါတယ်။
No comments:
Post a Comment