
ဇွန် ၂၁ တွင်ကျင်းပသည့် အန္တိမဈာပနပူဇာအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦစိုးဦး၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ ဥပဒေချုပ် ဦးခင်မောင်လှ၊ တပ်မ ၃၃ တပ်မမှုးနှင့် တပ်မတော်သားများ၊ စစ်ကိုင်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ စစ်ကိုင်းခရိုင်၊ မြို့နယ်အတွင်းမှ ဌာနဆိုင်ရာများ၊ ပြည်သူများ၊ ဆရာတော်၏ တပည့်သံဃာများ၊ သီလရှင်းများ၊ ဒါယိကာ၊ ဒါယိကာမများ တက်ရောက်ခဲ့ကာ ကြွင်းကျန်သော ရုပ်ကလပ်တော်အား ဝိပဿနာချောင်မှ စစ်ကိုင်းမြို့၊ ကမ်းနားလမ်း၊ ဧရာဝတီမြစ်ဘေးသို့ ပင့်ဆောင်၍ ညနေ ၄နာရီတွင် မီးသဂြိုလ်ပူဇော်ခဲ့ကြောင်းသိရသည်။
စစ်ကိုင်းတောင်ရိုး၊ ဝိပဿနာမဟာဂန္ဓရုံ ကမ္မဌာန်းတိုက်၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တဉာဏဝရထေရ်အား စစ်ကိုင်းမြို့နယ်၊ ရေခါးကျေးရွာ၌ မြန်မာသက္ကရဇ် ၁၃၀၉ ခုနှစ် ပြာသိုလပြည့်ကျော် ၁၁ရက် အဂါင်္နေ့တွင် ခမည်းတော်ဦးကြီး၊ မယ်တော်ဒေါ်လွန်းပေါ်တို့မှ ဖွားမြင်ခဲ့ပြီး ၁၃၁၅ခုနှစ် ၇ နှစ်သားအရွယ်တွင် ရေခါးရွာအရှေ့ကျောင်း၌ ရှင်သာမဏေပြုခဲ့ကာ ၁၃၂၃တွင် စစ်ကိုင်းတောင်ရိုး ဝိပသနာ ကမ္မဌာန်းတိုက်သို့ ရောက်ရှိခဲ့ပြီး တတိယဝိ ပသနာဆရာတော် ဘဒ္ဒန္တဝိမလာစာရထံမှပ ရိယတ္တိစာပေများ လေ့လာခဲ့ကာ ၁၃၂၉ ခုနှစ်တွင် တတိယဝိပသနာဆရာတော်ကို ဥပဇ္ဇျာယ်ပြု၍ ရဟန်းဘောင်သို့ ရောက်ခဲ့ကြောင်းသိရသည်။ ၁၃၅၄ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ဓမ္မကထိကဗဟုဇနဟိတတရ ဘွဲ့တံဆိပ်ဆပ်ကပ်ခဲ့သည်။ ၁၃၅၉ ခုနှစ်မှစ၍ စစ်ကိုင်းတိုင်းသံဃာ့နာယက (ရွှေကျင်)အကျိုးတော်ဆောင် ဆရာတော်အဖြစ် ထမ်းဆောင်ခဲ့ပြီး ပရိယတ္တိနယ်ပယ်၌လည်း ဆရာတော်၏ သင်ကြားပို့ချမှုကြောင့် သာမဏေကျော်ဘွဲ့၊ အဘိဝံသဘွဲ့၊ အစိုးရပထမကျော်ဘွဲ့၊ သာသနာ့တက္ကသီလာဓမ္မာစရိယဘွဲ့စသည့် ဘွဲ့ရသံဃာများ ပေါ်ထွန်းခဲ့ကြောင်း သိရသည်။
No comments:
Post a Comment