

"ကျနော် အခုလိုအခမဲ့စာအုပ်ဌားတဲ့အလုပ်ကို လုပ်ချင်နေတာကြာပါပြီ။ အခုတော့ မိတ်ဆွေတချို့ အကူအညီပေးတာကြောင့်လည်း အခုလိုဖွင့်နိုင်ခဲ့တာပါ။ စာအုပ်တွေကို ဘယ်သူမဆိုလာငှားဖတ်လို့ ရပါတယ်။ စာဖတ်သူတွေ တိုးပွားလာပြီး လူငယ်တွေ အသိပညာ ဗဟုသုတတွေ တိုးပွားလာရင် ကျေနပ်ပါပြီ"ဟု အလှူရှင် ဦးအောင်ခင်မြင့်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
"ဥာဏ်အလင်း" အခမဲ့ စာအုပ်အငှါးဆိုင်ကို ညောင်တူန်းမြို့၊ အမှတ် ၃ ရပ်ကွက်၊ ၁၂ လမ်း၊ အိမ်အမှတ် ၉ တွင် ဖွင့်လှစ်ထားသည်။ အပတ်စဉ် တနလာင်္နေ့မှ သောကြာနေ့ထိ နံနက် ၉ နာရီမှ နေ့လည် ၂ နာရီထိ ဖွင့်လှစ်ပြီး စနေ၊စနေ၊ တနင်္ဂနွေနေ့များတွင် ဆိုင်ပိတ်ကြောင်း သိရသည်။
အဆိုပါ အခမဲ့စာအုပ်အငှါးဆိုင်ဖွင့်ပွဲကို ဇွန်လ ၁၉ ရက်နေ့က ညောင်တူန်းမြို့၊ အမှတ် ၃ ရပ်ကွက်၊ ၁၂ လမ်း၊ အိမ်အမှတ် ၉ တွင်ပြုလုပ်ခဲ့ရာ ညောင်တုန်းမြို့မှ စာရေးဆရာများ၊ ကဗျာဆရားများနှင့် စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
No comments:
Post a Comment