အဲဒီ ထိပ်သီးတွေ့ဆုံပွဲမှာ ခေါင်းဆောင်နှစ်ဦးဟာ နီးကပ်တဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေး တည်ဆောက်ဖို့နဲ့ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ဖို့လည်း သဘောတူခဲ့တယ်လို့ ဆိုပါတယ်။
ရှီကျင့်ဖျင်ရဲ့ မြောက်ကိုရီးယား ခရီးစဉ်ဟာ တရုတ်နဲ့ မြောက်ကိုရီးယား ဆက်ဆံရေး မပြောင်းလဲဘူးဆိုတာ ကမ္ဘာကြီးကို သက်သေပြဖို့ အရေးပါတဲ့ အခိုက်အတန့်ပဲလို့ ကင်ဂျုံအန်းက ပြောပါတယ်။
မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက် စွန့်လွှတ်ဖို့ ကုလသမဂ္ဂက ဖိအားပေးနေချိန်နဲ့ အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ပျက်ပြီး ဆက်ဆံရေး တင်းမာနေတဲ့ အခြေအနေမှာ ရှီကျင့်ဖျင် ပြုံယမ်းကို ရောက်လာတာ ဖြစ်ပါတယ်။
No comments:
Post a Comment