
၂၀၁၈ ကမ္ဘာ့ဖလားနောက် ဆုံး (၁၆) သင်းအဆင့်မှ စပိန်အ သင်းထွက်ရပြီးနောက် အင်းနရစ် (၄၉) နှစ်က စပိန်အသင်းကိုလွှဲ ပြောင်းကိုင်တွယ်ခဲ့သည်။
စပိန်နည်းပြချုပ်ရာထူးမှ နုတ်ထွက်ခြင်းသည် အင်းနရစ်၏ ဆုံးဖြတ်ချက်ဖြစ်ကြောင်း စပိန် ဘောလုံးအဖွဲ့ချုပ် (RFEF) ဥက္ကဋ္ဌ လူးဝစ်ရူဘီယာလက်စ်က ပြော ကြားသည်။
အင်းနရစ်သည် စပိန်၏နိုင်ငံ များဖလားပြိုင်ပွဲတွင် တာဝန်ယူ ပြီး ဆီမီးဖိုင်နယ်သို့ မတက်နိုင်ဖြစ် ခဲ့ကာ ယူရို ၂၀၂၀ ခြေစစ်ပွဲများကို စတင်ခဲ့သည်။
မိသားစုအရေးကိစ္စပေါ်လာ ပြီးနောက် စပိန်က မော်လ်တာကို ၂-၀ ဂိုးဖြင့်နိုင်သောပွဲမတိုင်မီ အင်းနရစ်အိမ်ပြန်ခဲ့ရပြီး မိုရီနိုက ယာယီတာဝန်ယူခဲ့သည်။
မိုရီနိုလက်ထက်တွင် စပိန် သည် နောက်ဆုံးသုံးပွဲနိုင်ထားပြီး လာမည့် ယူရို ၂၀၂၀ ခြေစစ်ပွဲအ ဖြစ် စက်တင်ဘာအတွင်း ရိုမေးနီး ယားနှင့် ကစားမည်ဖြစ်သည်။
မိုရီနိသည် ရိုးမား၊ ဆယ်လ် တာဗီဂိုနှင့် ဘာစီလိုနာတို့တွင် အင်းနရစ်၏ လက်ထောက်နည်း ပြဖြစ်ခဲ့ပြီး စပိန်လက်ထောက် နည်းပြအဖြစ် အကူလိုက်ပါခဲ့ သည်။ စပိန်အသင်းကကမ္ဘာ့ဖလား မတိုင်မီ နှစ်ရက်အလိုတွင် လိုပါ တီဂူကို ထုတ်ပယ်ကာ ဖာနန်ဒိုဟီ ယာရိုအား ခန့်အပ်ခဲ့ပြီးနောက် ပြီးခဲ့သည့် ၁၂ လအတွင်း စတုတ္ထ မြောက်နည်းပြအဖြစ် မိုရီနိုကို ခန့် အပ်ခြင်းဖြစ်သည်။
No comments:
Post a Comment