Friday, June 21, 2019

အာရှယူ-၁၆ နှင့် ယူ-၁၉ ခြေစစ်ပွဲ ပွဲစဉ်ဇယားများ ပေါ်ထွက်

 မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် ၂၀၂၀ အာရှယူ-၁၆ နှင့် ယူ-၁၉ ချန်ပီ ယံရှစ်ခြေစစ်ပွဲ ပွဲစဉ်ဇယားများ ကို အာရှဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်သည်။ ၂၀၂၀ အာရှယူ-၁၆ အမျိုး သားဘောလုံးပြိုင်ပွဲခြေစစ်ပွဲအုပ် စု(ဋ)တွင်  တောင်ကိုရီးယား၊ ထိုင်း၊ တိုင်ပေနှင့်မြန်မာအသင်းတို့ပါဝင်ပြီး လာမည့်စက်တင်ဘာ ၌ ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ကျင်းပမည်ဖြစ်သည်။ မြန်မာယူ-၁၆အသင်းသည် အဖွင့်ပွဲအဖြစ် စက်တင်ဘာ ၁၈ ရက်တွင် ထိုင်း၊ ၂၀ ရက်တွင် တောင်ကိုရီးယား၊ ၂၂ ရက်တွင် တိုင်ပေအသင်းတို့နှင့် ယှဉ်ပြိုင် ရမည်ဖြစ်သည်။



မြန်မာ့လက်ရွေးစင်ယူ-၁၆ ဘောလုံးအသင်းကို နည်းပြချုပ် အဖြစ် ပြည်ပနည်းပြသစ်တစ်ဦး ကို ခန့်အပ်ရန် စီစဉ်နေကြောင်း ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၂၀၂၀ အာရှယူ-၁၉ အမျိုးသားဘောလုံးပြိုင်ပွဲခြေစစ်ပွဲ အုပ် စု(ဈ)တွင် တောင်ကိုရီးယား၊ တရုတ်၊ စင်ကာပူနှင့် မြန်မာအ သင်းတို့ပါဝင်ပြီး နိုဝင်ဘာ၌ ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ကျင်း ပမည်ဖြစ်သည်။

မြန်မာယူ-၁၉ အသင်းသည် အုပ်စုအဖွင့်ပွဲအဖြစ် နိုဝင်ဘာ ၆ ရက်တွင် တရုတ်၊ ၈ ရက်တွင် တောင်ကိုရီးယား၊ ၁၀ ရက်တွင် စင်ကာပူအသင်းတို့နှင့် ယှဉ်ပြိုင်ရ မည်ဖြစ်သည်။ မြန်မာ့ လက်ရွေး စင် ယူ-၁၉ ဘောလုံးအသင်းကို နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်း ကကိုင်တွယ်နေပြီး လက်ရှိ၌ အာဆီယံပြိုင်ပွဲနှင့် အာရှခြေစစ် ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေ သည်။ မြန်မာယူ-၁၆ အသင်းနှင့် ယူ-၁၉ အသင်းတို့၏ ပွဲစဉ် အားလုံးကို ညနေ ၆ နာရီတွင် ကျင်းပမည်ဖြစ်သည်။ ၂၀၂၀ အာရှယူ-၁၆ နှင့် ယူ-၁၉ ခြေစစ် ပွဲနှစ်ခုစလုံး၌ အုပ်စု ၁၁ ခုစီ ခွဲ ထားပြီး အုပ်စုဗိုလ် ၁၁ သင်း စီနှင့် အကောင်းဆုံးအုပ်စု ဒုတိယ လေးသင်းစီခြေစစ်ပွဲ အောင်မြင် မည်ဖြစ်သည်။

No comments:

Post a Comment