
သန့်ဇင်ဦး ဟာ ကနူးအလွတ်တန်းပြိုင်ပွဲမှာ ၀၄ မိနစ် ၁၇ ဒသမ ၆၄ စက္ကန့် နဲ့ ပန်းဝင်ပြီး ပထမ ရွှေတံဆိပ်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။အင်ဒိုနီးရှား ကစားသမားက ၀၄ မိနစ်၊ ၂၃ ဒသမ ၃၇ စက္ကန့်နဲ့ ဒုတိယ၊ ဗီယက်နမ်ဘီအသင်း က ကစားသမားက ၀၄ မိနစ် ၂၄ ဒသမ ၀၀ စက္ကန့် နဲ့ တတိယ ရရှိခဲ့ပါတယ်။ကနူးသက်ငယ်တန်းပြိုင်ပွဲမှာ မြန်မာ ကနူးလူငယ်ကစားသမား မျိုးလှိုင်ဝင်းက ၀၄ မိနစ် ၃၀ ဒသမ ၃၃ စက္ကန့်ဖြင့် ပထမရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ၊ ဗီယက်နမ်ဘီအသင်း က ကစားသမားက ၀၄ မိနစ် ၃၂ ဒသမ ၅၆ စက္ကန့်နဲ့ ဒုတိယ၊ ထိုင်းကစားသမားက ၀၄ မိနစ် ၃၃ ဒသမ ၈၁ စက္ကန့် နဲ့ တတိယ ရရှိခဲ့ပါတယ်။ကယက်လှေ သက်ငယ်တန်း မီတာ ၁၀၀၀ ပွဲစဉ်မှာ မြန်မာ ကစား သမား ထွန်းမင်းသန့် က ၀၄ မိနစ် ၁၈ ဒသမ ၀၄ စက္ကန့် နဲ့ တတိယကြေးတံဆိပ်ဆု ရရှိခဲ့ပါတယ်။ဒီပြိုင်ပွဲမှာ ဗီယက်နမ်ကစားသမားက ၀၄ မိနစ် ၀၀ ဒသမ ၁၄ စက္ကန့်နဲ့ ပထမ ထိုင်းကစားသမားက ၀၄ မိနစ် ၀၈ ဒသမ ၂၈ စက္ကန့်နဲ့ ဒုတိယဆုကို ရရှိသွားခဲ့တာဖြစ်ပါတယ်။
No comments:
Post a Comment