
‘‘ဒီပြိုင်ပွဲမှာ အသက်ရှိနေ သေးတာ ကျွန်တော်တို့ကံကောင်း ပါတယ်။ ပထမပိုင်းက လုံးဝမ ကောင်းပါဘူး။ ကစားပုံမသပ်ရပ် ဘဲ ကစားကွက်ကို မထိန်းချုပ်နိုင် သလို တိုက်စစ်လည်းပုံမဖော်နိုင် ခဲ့ပါဘူး။ ကျွန်တော်တို့မှာပွဲကို ဘယ်လိုကစားမလဲဆိုတဲ့ အစီအ စဉ်အတိအကျရှိခဲ့ပေမယ့် ဘော လုံးဆက်တိုက်ဆုံးရှုံးနေလို့ အဲဒီ အစီအစဉ်ကို အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး’’ ဟု စတာလိုနီ က ပြောကြားသည်။
အာဂျင်တီးနား ဂိုးသမား ဖရန်ကိုအာမာနီကလည်း ပထမ ပိုင်းပြီးခါနီးတွင် ပါရာဂွေးကရရှိ သော ပင်နယ်တီကို ပုတ်ထုတ်ပြီး အသင်းကို ကယ်တင်ခဲ့သည်။
‘‘ကျွန်တော်တို့ ဖရန်ကိုကိုယုံ ကြည်မှုရှိပါတယ်။ သူကပင်နယ် တီတစ်လုံးကာကွယ်ပြီး ကျွန် တော်တို့ကို ဆက်လက်ရှင်သန် စေခဲ့ပါတယ်’’ ဟု စကာလိုနီက ပြောသည်။
ထိုအတောအတွင်း ကိုလံဘီ ယာက ကာတာကို ၁-၀ ဂိုးဖြင့် နိုင်ပြီး ခြောက်မှတ်ဖြင့် အုပ်စု ပထမနေရာရရှိကာ နောက်တစ် ဆင့်တက်ရန် သေချာခဲ့သည်။ ကို လံဘီယာ၏ ၈၆ မိနစ်ဂိုးကို ရိုဒရီ ဂွတ်ဇ်က ဖန်တီးပြီး ဇာပါတာက သွင်းယူခဲ့သည်။ ကိုလံဘီယာသည် ပထမပွဲ စဉ်တွင် အာဂျင်တီးနားကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိပြီး ယင်းပွဲ၌လည်း ဇာပါတာက ဒုတိယဂိုးသွင်းယူ ကာ မာတီနက်ဇ်၏ပထမဂိုးကို ဖန်တီးခဲ့သည်။
No comments:
Post a Comment