အစိုးရလိုလားတဲ့ ပြည်သူ့စစ်အဖွဲ့တွေ ကျောထောက်နောက်ခံပေးထားတဲ့ ဗင်နီဇွဲလား လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေကို အင်အားသုံး နှိမ်နင်းတဲ့အပြင် သတ်ဖြတ်တာတွေ ညှဉ်းပန်းနှိပ်စက်တာတွေ ကျူးလွန်ခဲ့တယ်လို့ ဘာချဲလက်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မတ်လက ပြောခဲ့ဖူးပါတယ်။
အခုချိန်မှာ ဘာချဲလက်ဟာ ဗင်နီဇွဲလား အစိုးရရဲ့ ဖိတ်ကြားချက်အရ ရောက်လာခဲ့တာဖြစ်ပြီး သမ္မတ နီကိုးလပ်စ် မာဒူရိုအပြင် အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒိုနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဆန္ဒပြသူတွေကို အင်အားသုံး ဖြိုခွင်းတာနဲ့ နိုင်ငံ့စီးပွားရေး ကျဆင်းခဲ့ရတဲ့ စီမံခန့်ခွဲမှု အမှားတွေကြောင့် သမ္မတ မာဒူရို ဦးဆောင်တဲ့ အစိုးရကို အနောက်နိုင်ငံ တော်တော်များများက ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။
No comments:
Post a Comment