
မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ သံလွင်မြစ်အတွင်းမှ တရားမဝင်ပိတောက်ခွဲသား တန် ၃၀၀ခန့်ကို စက်လှေခုနစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံသစ်တောဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။ စက်လှေခုနစ်စီးမှ သစ်များဖမ်းစီးရမိမှုသည် ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့သတင်းပို့စနစ်-CMRS မှ သတင်းပေးပို့ချက်အရ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စစ်ဆေးရေးဌာနမှ တာဝန်ရှိသူများ နှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့များ သွားရောက်စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ (ဇွန်လ ၂၁ရက်) တွင် မော်လမြိုင်မြို့နယ်၊ သံလွင်မြစ်အတွင်း ဖားအောက်ချောင်းပေါက်ဝအနီးတွင် ''တိုးတက်ဝင်း'' နှင့် ''ရတနာမေ'' အမည်ရှိ စက်လှေကြီးနှစ်စီးနှင့် ကဲ့လှေ ငါးစီးတို့ကို တရားမဝင်ပိတောက်ခွဲသား ခန့်မှန်း ၃၀၀တန်ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများ ရေထဲသို့ခုန်ချထွက်ပြေးသွားကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
No comments:
Post a Comment