
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲနေသော မြတ်ကောင်းကင်ခရီးသည်တင်ကားမှာ ဇွန်လ ၂၀ ရက်နေ့ည ၁၀ နာရီခွဲခန့်အချိန်တွင် မြောင်းမြ - လပွတ္တာ လမ်းမကြီးပေါ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြာင်း သတင်းရရှိသည်။ မြတ်ကောင်းကင် ခရီးသည်တင်ကားမှာ မြောင်းမြမြို့နယ်အဝင် မုဆိုးကွင်းကျေးရွာအနီး မြောင်းမြ - လပွတ္တာလမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ် ၄၁/၅ အရောက်တွင် ဘရိတ်ရှူးအပူရှိန်လွန်ကဲမှုကြောင့် ညာဘက်နောက်ဘီးမှ စတင်၍ မီးလောင်ခဲ့ခင်းဖြစ်ကြောင်း မြောင်းမြမြို့နယ် မီးသတ်ဌာနထံမှ သိရသည်။
အဆိုပါ မီးလောင်မှုအား မြောင်းမြမြို့နယ်မီးသတ်ဌာနမှ ဦးစီးမှူး ဦးသန့်ဇင်မင်းဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ
အချိန်မီရောက်ရှိကာ မီးငြိမ်းသတ်ခဲ့သဖြင့် ခရီးသည်နှင့်အခြားပစ္စည်းများ ထိခိုက်မှုမရှိဘဲ ကျပ် ၃ဝဝဝဝ တန်ဖိုးရှိ ကားတာယာတစ်လုံးသာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုနှင့်ပတ်သတ်၍ ယာဉ်မောင်းရန်ပိုင်စိုးအား မြောင်းမြမြို့မရဲစခန်းမှ(ပ)၄၅၂/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၂၈၅ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
No comments:
Post a Comment