
ဇွန် ၉ ရက်က Reed Bank အနီးတွင် ဖိလစ်ပိုင်သင်္ဘောတစ်စင်းကို တရုတ်ဆွဲပိုက်ချ ငါးဖမ်းသင်္ဘောတစ်စင်းက ဝင်တိုက်ရာမှ ပဋိပက္ခ နောက်တစ်ခု ထပ်ပေါ်လာခြင်းဖြစ်သည်။ Reed Bank ဆိုသည်မှာ ဖိလစ်ပိုင်နယ်နိမိတ်ထဲတွင်ရှိသော်လည်း တရုတ်က ゞင်းတို့အပိုင်ဟု ဆိုထားသည်။
“ကျုပ်ကို စွပ်စွဲပြစ်တင်မယ်ပေါ့။ အကုန်လုံးကို ဖမ်းပစ်မှာ။ အဲဒီရူးကြောင်ကြောင် လူတွေကို ပြောလိုက်မယ်။ လက်တွေ့နဲ့ပဲ ဖြေရှင်းမယ်လို့” ဟု ဒူတာတေးက ပြောကြားခဲ့သည်။
ဒူတာတေးက သင်္ဘောတိုက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး တရုတ်သည် မိတ်ဆွေများဖြစ်သဖြင့် ဖိလစ်ပိုင်ရေပိုင်နက်ထဲ၌ ငါးဖမ်းခွင့်ပြုထားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပြီးနောက် ဝေဖန်သူများက စွပ်စွဲပြစ်တင်ရန် လေသံများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
ဒူတာတေး၏ ယင်းလုပ်ရပ်သည် အထူးစီးပွားရေးဇုန်အပါအဝင် မိမိနိုင်ငံ၏ ရေကြောင်းသယံဇာတများကို ကာကွယ်ရန် အစိုးရတစ်ရပ်၏ လုပ်ရမည့်တာဝန်ကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း၊ ယင်းသယံဇာတများကို အသုံးပြုခွင့်သည် ဖိလစ်ပိုင်နိုင်ငံသားများအတွက်သာ ဖြစ်ရမည်ဖြစ်ကြောင်း အတိုက်အခံများက ပြောနေကြသည်။
ဒူတာတေးသည် လူထောင်ပေါင်းများစွာကို သေစေခဲ့သော မူးယစ်ဆေးနှိမ်နင်းမှု အစရှိသည့် အဓိကမူဝါဒများနှင့် ပတ်သက်ပြီး နိုင်ငံတကာ၏ ကန့်ကွက်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသော်လည်း နိုင်ငံထဲတွင်မူ လူထုထောက်ခံမှုကို အလွန်မြင့်မြင့်မားမား ရရှိနေသည်။
လာမည့် ဥပဒေပြုလွှတ်တော်တွင် ဒူတာတေး၏ မဟာမိတ်များက နေရာအများစုကို ထိန်းချုပ်ခွင့်ရထားကြသည်။ ဖိလစ်ပိုင်တွင် မည်သည့်အစိုးရအရာရှိကို မဆို စွပ်စွဲပြစ်တင်သည့် လုပ်ငန်းစဉ်တွင် ဥပဒေပြုလွှတ်တော်၌ လုပ်ပိုင်ခွင့်အာဏာ ရှိမည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ တရုတ်နှင့် ပတ်သက်သော ဒူတာတေး၏ မူဝါဒသည် ရင်းနှီးမြှုပ်နှံမှုရရှိသည်က နည်းနည်း၊ နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးခံရသည်က များများ ဖြစ်နေရမည့် အရေးနှင့်ပတ်သတ်ပြီး လူထုထဲတွင်ရော မီဒီယာများဘက်ကပါ မေးခွန်းထုတ်နေကြသည်။
ဇွန် ၉ ရက်က ဖြစ်စဉ်တွင် တရုတ်သင်္ဘောက ဖိလစ်ပိုင်ငါးဖမ်းသင်္ဘောကို ဝင်တိုက်ပြီးနောက် နာရီများစွာအကြာမှ ရေထဲမှ ဖိလစ်ပိုင်ငါးဖမ်းသမားများကို ဗီယက်နမ်ငါးဖမ်းသင်္ဘောတစ်စင်းက ကယ်ဆယ်ပေးခဲ့ရသည်။ ထိုဖြစ်စဉ်တွင် ဖိလစ်ပိုင်တို့ဘက်က တရုတ်သင်္ဘောသည် ゞင်းတို့ သင်္ဘောကို မြှုပ်အောင်တိုက်ပြီးနောက် သင်္ဘောသားများကို ရေထဲတွင်ထားခဲ့သည်ဟု စွပ်စွဲနေကြခြင်းဖြစ်သည်။
No comments:
Post a Comment