ထိုသို့ တွေ့ဆုံရာတွင် မြန်မာ နိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုင်ရာ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေး ဆိုင်ရာ၊ KIO (ကချင်အဖွဲ့)၊ MNDAA(ကိုးကန့်အဖွဲ့)၊ TNLA (တအာင်းအဖွဲ့)၊ AA(ရခိုင်အဖွဲ့) တို့နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေး သဘောတူစာချုပ်(Bilateral Ceasefire Agreement) လက် မှတ်ရေးထိုးရေး ညှိနှိုင်းဆွေးနွေး မည့် အစီအစဉ်များကို ဆွေးနွေး ခဲ့ကြောင်း NRPC က သတင်း ထုတ်ပြန်သည်။
ထို့အပြင် တရုတ်အထူး ကိုယ်စားလှယ်သည် ဇွန်လ ၂၅ ရက်တွင် ဒုတိယတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ် ချုပ်မှူးကြီး စိုးဝင်းနှင့် နေပြည် တော်၌ တွေ့ဆုံခဲ့သည်။ ဒုတပ် ချုပ်နှင့် တွေ့ဆုံစဉ် NCA လက် မှတ်ရေးထိုးရန် ကျန်ရှိသည့် တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့များ နှင့် လက်မှတ်ရေးထိုးနိုင်ရေးဆိုင် ရာ ကိစ္စရပ်များအပေါ် အပြန်အလှန်ဆွေးနွေးခဲ့သည်ဟု တပ်မ တော်က သတင်းထုတ်ပြန်သည်။
‘‘ဆွေးနွေးချက် အသေးစိတ် တော့ ရှင်းပြလို့မရပါဘူး။ တချို့ ဆွေးနွေးချက်တွေက အသေးစိတ် ထုတ်ပြောလို့မရတဲ့ ဟာတွေဖြစ် ပါလိမ့်မယ်’’ ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော် မင်းထွန်းက ပြောကြားသည်။
NCA လက်မှတ်ရေးထိုးရန် ကျန်နေသည့် တိုင်းရင်းသားအဖွဲ့ များနှင့် ဆွေးနွေးမှု တိုးတက်မှုရှိ သည်ဟု ဆိုနိုင်ကြောင်း၊ ဧပြီ ၃၀ ရက်က မူဆယ်၌ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် Bilateral အပစ် ရပ်စဲရေး စာချုပ်ချုပ်နိုင်ရေး ဆက် လက် ညှိနှိုင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း၊ ပြန်လည်တွေ့ဆုံပါက တိုးတက်မှု ရှိနိုင်ကြောင်း ဗိုလ်မှူးချုပ်ဇော် မင်းထွန်းက ပြောသည်။ အစိုးရနှင့် မြောက်ပိုင်းလေး ဖွဲ့ဆွေးနွေးပွဲကို မေလကတည်း က ကျင်းပရန် စီစဉ်သော်လည်း ဆွေးနွေးပွဲပြုလုပ်မည့်နေရာ ညှိနှိုင်းမရသေး၍ ယခုအထိ ကျင်းပနိုင်ခြင်းမရှိသေးပေ။ တရုတ်အထူးကိုယ်စားလှယ်သည် ယခင်က အစိုးရနှင့် မြောက်ပိုင်းလက်နက် ကိုင်အဖွဲ့များအကြား ဆွေးနွေးပွဲ များ ကျင်းပနိုင်ရေး ကြားဝင်ညှိ နှိုင်းပေးခဲ့သည်။
No comments:
Post a Comment