Pages
Saturday, June 29, 2019
ထိုင်းနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုပမာဏတိုးလာသော်လည်း မြန်မာနှင့် နယ်စပ်ကုန်သွယ်မှု အနည်းငယ်ကျဆင်း
ထိုင်းနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုပမာဏမှာ ပထမငါးလတာကာလအတွင်း (၀.၃၁)ရာခိုင်နှုန်းတိုးလာသော်လည်း ဒုတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ဖက်ဖြစ်သည့် မြန်မာနိုင်ငံနှင့် တတိယအကြီးဆုံးကုန်သွယ်ဖက် လာအိုတို့နှင့် ကုန်သွယ်မှုမှာ အနည်းငယ် ကျဆင်းသွားကြောင်း သိရသည်။ ထိုင်းနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးတွင် မလေးရှားနိုင်ငံက အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ပြီး မြန်မာ၊လာအိုနှင့် ကမ္ဘောဒီးယားတို့က အဆင့်လိုက်ရှိနေကာ ရေကြောင်းကုန်သွယ်မှုတွင် တရုတ်က အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ပြီး ဒုတိယက ဗီယက်နမ်နှင့် စင်္ကာပူက တတိယကုန်သွယ်ဖက်နိုင်ငံများ ဖြစ်ကြကြောင်း သိရသည်။ ထိုင်းနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးမှာ ယခုနှစ်၏ ပထမ (၅)လတာအတွင်း ပြည်ပတင်ပို့မှု ဘတ် (၂၅၆)ဘီလီယံဖြင့် (၄.၉၄)ရာခိုင်နှုန်းတိုးခဲ့ပြီး အိမ်နီးချင်း (၄)နိုင်ငံသို့ နယ်စပ်ကုန်သွယ်မှုမှ တိုက်ရိုက်တင်ပို့မှုတန်ဖိုးမှာ ဘတ် (၂၆၂.၉၇)ဘီလီယံနှင့် ထိုင်းနိုင်ငံသို့ နယ်စပ်မှ ကုန်စည်တင်ပို့မှုတန်ဖိုးမှာ ဘတ်(၂၀၃.၅၆)ဘီလီယံရှိကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment