Pages
Saturday, June 29, 2019
သတင်းစာတွေကို အိန္ဒိယအစိုးရ လက်တုံ့ပြန်ဟု ဝေဖန်ကြ
အစိုးရက ကြော်ငြာတွေ မထည့်တော့တဲ့အတွက် အိန္ဒိယ သတင်းစာတိုက်ကြီး ၃ ခုရဲ့ ဝင်ငွေအကြီးအကျယ် နစ်နာနေတာနဲ့ ပတ်သက်ပြီး အစိုးရအတိုက်အခံနဲ့ သတင်းစာတိုက်တွေက ဒါဟာ သတင်းတွေကို သူတို့အလိုကျ မဖော်ပြတဲ့အတွက် အစိုးရက ပြန်လည်ထိုးနှက်တာဖြစ်နိုင်တယ်လို့ ဝေဖန်လိုက်ပါတယ်။ အဲဒီ သတင်းစာအုပ်စုကြီး ၃ ခုက ထုတ်ဝေတဲ့ သတင်းစာတွေကို အိန္ဒိယနိုင်ငံမှာ လူ ၂၆ သန်းကျော်က ဖတ်ရှုနေတာဖြစ်ပြီး အစိုးရက သူတို့ထုတ်ပြန်ချက်တွေကို ထည့်သွင်းကြေညာခြင်း မရှိတော့တဲ့အတွက် သတင်းစာတိုက်တွေအနေနဲ့ ရူပီးငွေ သန်းပေါင်း များစွာနစ်နာနေတယ်လို့ ဆိုပါတယ်။ ဥပမာအားဖြင့် Times of India နဲ့ The Economic Times သတင်းစာတွေကို ထုတ်ဝေနေတဲ့ Times မီဒီယာအုပ်စုအနေနဲ့ သူတို့ သတင်းစာတွေရဲ့ ကြော်ငြာခ ၁၅% ကို အစိုးရရဲ့ ကန်ထရိုက်လုပ်ငန်းတွေအတွက် ခေါ်ယူတဲ့ တင်ဒါကြော်ငြာတွေက ရရှိနေတယ်လို့ သိရပါတယ်။ အမည်မဖော်လိုတဲ့ သတင်းစာအုပ်စု အမှုဆောင်တစ်ဦးက မိုးဒီ အစိုးရဟာ သူတို့အကြိုက်လိုက်ပြီး မရေးတဲ့အတွက် လက်တုံ့ပြန် အပြစ်ပေးတဲ့နည်းအဖြစ် ကြော်ငြာတွေကို ရပ်ဆိုင်းလိုက်တာပဲလို့ ပြောပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment