
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ပုသိမ်ခရိုင်အတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် Myint & Associates Offshore Supply Base Limited ကို ၂၀၁၇ ခုနှစ် မေ ၁၉ ရက်ကကျင်းပသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) အစည်းအဝေးအမှတ်စဉ် (၈/၂၀၁၇) က ခွင့်ပြုချက်ရရှိခဲ့ခြင်း ဖြစ်သည်။အဆိုပါစီမံကိန်းသည် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ နံသာပုကျေးရွာအုပ်စု၊ ပုလ္လင်ချိုင် ကမ်းခြေတွင် တည်ရှိကြောင်း၊ စီမံကိန်း ပထမအဆင့်အနေဖြင့် ဧက ၃၀ ရှိမည်ဖြစ်ကြောင်း၊ စီမံကိန်း ဒုတိယအဆင့်အနေဖြင့် ဧက ၁၂၀ ရှိမည်ဖြစ်ကြောင်း သိရသည်။ဆိပ်ခံတားသည် ၉၈၅ ပေရှည်ပြီး အကျယ် ၉၈ ပေ ရှိမည်ဖြစ်ပြီး တာလမ်းသည် ၁၀၈၃ ပေရှည်ပြီး ပေ ၄၀ ကျယ်ဝန်းမည်ဟု သိရသည်။ ဆိပ်ခံတံတားသည် စပါးထားကျွန်းမှ ၂၆၂၅ ပေခန့်၊ တိုက်သုံးလုံးကျွန်းမှ ၆၅၆၂ ကျော်ခန့် ကွာဝေးမည်ဖြစ်ကြောင်း သိရသည်။၂၀၁၉ ခုနှစ် ဧပြီ ၂၄ ရက်က သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံ လက်မှတ် (ECC) ရရှိခဲ့ကြောင်း သိရသည်။ECC (Environmental Compliance Certificate) ဆိုသည်မှာ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာ (EIA Report) ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (MONREC) က တရား ဝင်အတည်ပြုကြောင်း ထုတ်ပြန်ထားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက် သက်သေခံလက်မှတ် ဖြစ်ကြောင်း နှင့် အဆိုပါလက်မှတ်တွင် စီမံကိန်းဆောင်ရွက်သူမှ လိုက်နာရမည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စည်းကမ်းချက်များပါဝင်ကြောင်း သိရသည်။အဆိုပါစီမံကိန်းအတွက် လုပ်ကိုင်ခွင့်ရရှိခဲ့သည့် မြင့်အင်(န်)အဆိုစီရိတ်(စ်) ကမ်းလွန်ဝန်ဆောင်မှု လုပ်ငန်းလီမိတက်သည် မြန်မာနိုင်ငံ၏ ကမ်းလွန်ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ကွက်များတွင် ဆောင်ရွက်ဆဲ နှင့် နောင်ဆောင်ရွက်သွားမည့် ရေနံတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် အထောက်အပံ့ပစ္စည်းများ ပံ့ပိုးခြင်းများအပြင် သယ်ယူပို့ဆောင်ခြင်း၊သိုလှောင် ခြင်း စသည့် ဝန်ဆောင်မှုများ ပေးနိုင်သည့် ကမ်းလွန်ဝန်ဆောင်မှုလုပ်ငန်းတစ်ခု တည်ဆောက်လည်ပတ်ရန်ဖြစ်ကြောင်း သိရသည်။ထိုင်း၊ စင်ကာပူနှင့် မလေးရှားနိုင်ငံများရှိ ထောက်ပံ့ရေးအခြေစိုက်စခန်းများနှင့် ယှဉ်ပြိုင်နိုင်မည့် နိုင်ငံတကာကမ်းလွန်ဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်လာရန် ရည်ရွယ်ထားကြောင်း သိရသည်။ငရုတ်ကောင်းဒေသရှိ ကမ်းလွန်ထောက်ပံ့ ပို့ဆောင်ရေးစီမံကိန်းကို ဒေါ်လာ သန်း ၅၀ ကျော် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် အပြီးဆောက်လုပ်ရန် မျှော်မှန်းထားကြောင်းနှင့် ကမ်းလွန်ထောက်ပံ့ပို့ဆောင်ရေးစခန်းမှ ရခိုင်ပြည်နယ်တောင်ပိုင်းနှင့် မုတ္တမပင်လယ်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးကုမ္ပဏီများကို အထောက်အပံ့ပေးနိုင်ရန် ရည်ရွယ် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment