အဆိုပါဆုတောင်းပွဲတွင် လိင်ဝိသေသ လိင်စိတ်ခံယူမှုကွဲ ပြားသူ လူမှုအသိုင်းအဝိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ကြေ ညာချက်၌ MIU ကျောင်းအနေဖြင့်မောင်ကျော်ဇင်ဝင်းသေဆုံးမှုတွင် သက်ဆိုင်သည့် ကျူးလွန်ခဲ့သူများ ကို အရေးယူပေးရန်၊ နောက် နောင်တွင် အလားတူကိစ္စရပ်များ မဖြစ်ပွားအောင် ကာကွယ်ပေးရန် နှင့် ယခုကိစ္စအတွက် ကျောင်းအ နေဖြင့် တောင်းပန်ပေးရန် တောင်းဆိုခဲ့သည်။
ထို့ပြင် ရာဇသတ်ကြီးပုဒ်မ ၃၇၇ ပြင်ဆင်ရေးနှင့် ခွဲခြားဆက် ဆံမှုပပျောက်ရေးဥပဒေကို အ တည်ပြုခြင်း၊ လိင်စိတ်ခံယူမှုကွဲ ပြားသူများ၏ အခွင့်အရေးအ တွက် အသိုင်းအဝိုင်းတစ်ခုဖော် ဆောင်ပေးရန်၊ လိင်စိတ်ခံယူမှု ကွဲပြားသူများအတွက် လူမှုစိတ် ပိုင်းဆိုင်ရာ စိတ်ကျန်းမာရေးဝန် ဆောင်မှုများဖော်ဆောင်ပေးရန် နှင့် ကျောင်းများ၊ အလုပ်ခွင်များ တွင် လိင်စိတ်ခံယူမှုကွဲပြားသူများ ပါဝင်နိုင်ရေးကို မူဝါဒများ ဖော် ဆောင်ပြဋ္ဌာန်းရန် အစိုးရထံ တောင်းဆိုခဲ့သည်။
‘‘မှန်တယ်၊ မှားတယ် (လိင် စိတ်ခံယူမှု ကွဲပြားသူ လူမှုအသိုင်း အဝိုင်း၏ထုတ်ပြန်ချက်နှင့်ပတ် သက်၍) ကျွန်မ ဘာမှ မပြောပါ ဘူး။ Report အဖြေပေးပါလိမ့် မယ်။ အမှန်တရားသည် အားလုံး အတွက် ဖြစ်စေရမယ်။ ကျွန်မက တောင် အမှန်တရားကို အားလုံး ထက်ပိုပြီး သိချင်ပါသေးတယ်’’ ဟု MIU ကျောင်းတည်ထောင်သူ ဒေါ်ပို့ပို့ကြည်က ပြောသည်။
သေဆုံးသူ မောင်ကျော်ဇင် ဝင်းအတွက် ဆုတောင်းခြင်းအ ခမ်းအနားကို လူဦးရေ ၄၀ ခန့် တက်ရောက်ခဲ့သည်။
မောင်ကျော်ဇင်ဝင်းသည်လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာနှင့်ပတ်သက်၍ ခွဲခြားဆက်ဆံခံရသည်ဟု ၎င်း၏ ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားပြီး တစ်ရက်အကြာတွင် ကွယ်လွန်ခဲ့သည်။
Myanmar Imperial University (MIU)တွင် စာကြည့် တိုက်မှူးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည့် မောင်ကျော်ဇင် ဝင်း အသက်(၂၆)နှစ်သည် သေ စေနိုင်သည့် ဆေးတစ်ခုခုကို သောက်သုံး၍ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်း ၏နာရေးကို ကူညီဆောင်ရွက် ပေးခဲ့သည့် ကိုပြည့်စုံကြွယ်က ပြောသည်။ သာကေတမြို့နယ်ရဲစခန်းတွင် သေမှုသေခင်းဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
No comments:
Post a Comment