“ဒီပြိုင်ပွဲဟာ ကျနော့်အတွက် ပြီးဆုံးသွားပြီလို့ ထင်ပါတယ်။ ကျနော် တစုံတခုကို ခံစားနေရပြီးတော့ ဒါဟာ ဝမ်းနည်းမျက်ရည်တွေဖြစ်နိုင်ပါတယ်” လို့ အိုင်ဗရီကို့စ်အသင်း ခေါင်းဆောင်ကပြောပါတယ်။
အာဖရိကအင်အားကြီး အိုင်ဗရီကို့စ်အသင်းဟာ အုပ်စုဒီရဲ့ ဒုတိယမြောက်ပွဲစဉ် ဖြစ်တဲ့ မော်ရိုကိုအသင်းနဲ့ပွဲမှာ ရုန်းကန်ခဲ့ရပြီး ပြိုင်ဘက်မော်ရိုကို ကစားသမားတွေက သူတို့အသင်းထက် ပိုမိုလန်းဆန်းတက်ကြွနေတယ်လို့ အူရီယာက ဝန်ခံပါတယ်။
ဒါပေမယ့် သူ့ဒဏ်ရာနဲ့ ပတ်သက်လို့တော့ တိတိကျကျ ထုတ်ဖော်ပြောဆိုခဲ့ခြင်းတော့ မရှိပါဘူး။ ဒီရှုံးပွဲကြောင့် အိုင်ဗရီအို့စ်အသင်းဟာ ၁၆ အသင်းအဆင့်ကို တက် ရောက်နိုင်စေရေး သေချာစေဖို့ နမ်ဘီယာအသင်းနဲ့ ဇူလိုင် ၁ ရက်နေ့ပွဲစဉ်ကို အနိုင်ကစားရတော့မှာဖြစ်ပါတယ်။ “ကျနော်တို့ဒီပွဲကို အနိုင်ရဖို့ ဘာမဆိုလုပ်ဆောင်သွားမှာပါ” လို့ အိုင်ဗရီအို့စ်အသင်းခေါင်း ဆောင်က ပြောပါတယ်။
No comments:
Post a Comment