
နံရံနဲ့ ရွှံ့နွံ့တွေအောက် ရောက်သွားခဲ့သူတွေကို ကယ်တင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်၊ အလုပ်သမားသုံးယောက်ကို ကယ်ထုတ်ခဲ့ပြီးဖြစ်ပါတယ်" လို့ မီးသတ်ဌာန တာဝန်ရှိသူက ပြောပါတယ်။
အိန္ဒိယမှာ အိုင်တီနဲ့ ကားကုမ္ပဏီတွေ အခြေစိုက်ကြတဲ့ Pune မြို့မှာ ယမန်နေ့ (ဇွန် ၂၈ ရက်) မွန်းလွဲပိုင်းမှစပြီး မိုးသည်းထန်စွာ ရွာသွန်းနေခဲ့ပြီး မိုးရေကြောင့် တည်ဆောက်မှုအားနည်းချက်ရှိတဲ့ နံရံကို ပြိုကျစေခဲ့နိုင်ကြောင်း Pune မြို့ အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ခဲ့ပါတယ်။
အိန္ဒိယမှာ မိုးရာသီကာလဖြစ်တဲ့ ဇွန်လမှ စက်တင်ဘာလအတွင်း မိုးရွာသွန်းမှုကြောင့် တည်ဆောက်မှုအားနည်းချက်ရှိတဲ့ အဆောက်အအုံနဲ့ နံရံပြိုကျမှုတွေကြောင့် လူသေဆုံးမှုတွေ ဖြစ်လေ့ရှိကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။
No comments:
Post a Comment