
အခမ်းအနားတွင် မြန်မာ-တရုတ်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးလှိုင်ဝင်း၊ တာမွေမြို့နယ်အုပ်ချုပ် ရေးမှူး၊ လက်ထောက်ညွှန်ကြား ရေးမှူး ဦးအောင်ကျော်အေး၊ မြန် မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပထမအတွင်းဝန် Mr. Cheng Peng တို့က အသင်းဆိုင်းဘုတ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
အခမ်းအနားတွင် မြန်မာ-တရုတ်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးလှိုင်ဝင်းက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင်""အသင်းရဲ့ အဓိကရည်ရွယ်ချက်က မြန်မာနဲ့ တရုတ် နှစ်နိုင်ငံအကြား၊ မြန်မာ လူမျိုးနဲ့ တရုတ်လူမျိုးတို့အကြား တည်ရှိနေပြီးဖြစ်တဲ့ ရိုးရာယဉ်ကျေး မှုအမွေအနှစ်တွေကိုလေ့လာနိုင်ဖို့၊ အသိအမြင်ဗဟုသုတတွေ နှစ်ဖက် ပူးပေါင်းဖလှယ်ကြဖို့နဲ့ အထူးသ ဖြင့် မြန်မာ့ယဉ်ကျေးမှုတွေကို တရုတ်လူမျိုးတွေ၊ တရုတ်နိုင်ငံသား တွေသိရှိလေ့လာမြှင့်တင်နိုင်ဖို့ဖြစ် ပါတယ်။ တရုတ်နိုင်ငံ ပေကျင်းမြို့ မှာကျင်းပခဲ့တဲ့ တရုတ်နိုင်ငံရဲ့ နှစ် ၄၀ အတွင်း ဖွံ့ဖြိုးတိုးတက်မှုနဲ့ ယဉ်ကျေးမှုဆိုင်ရာပြပွဲလိုပဲ မြန်မာ နိုင်ငံမှာ အမျိုးသားယဉ်ကျေးမှု တွေ ဘယ်လောက်ထွန်းကားခဲ့ တယ်ဆိုတာ တရုတ်နိုင်ငံနဲ့ တရုတ် ပြည်သူတွေပြီးတော့ မြန်မာနိုင်ငံ ဖွား တရုတ်လူမျိုးတွေကို သိစေ ချင်ပါတယ်""ဟု ထည့်သွင်းပြော ကြားခဲ့သည်။
တာမွေမြို့နယ် အုပ်ချုပ်ရေး မှူး၊လက်ထောက်ညွှန်ကြားရေး မှူး ဦးအောင်ကျော်အေးကလည်း အသင်းနှင့်ပတ်သက်၍ ""မြန်မာ- တရုတ်ယဉ်ကျေးမှုအသင်းဟာ တစ် နိုင်ငံလုံးကိုယ်စားပြုသလို နိုင်ငံ တကာနဲ့လည်း ယဉ်ကျေးမှုဖလှယ် ဆောင်ရွက်မယ့် အသင်းဖြစ်တယ် လို့သိရပါတယ်။ ဒီအသင်းကြီးနဲ့ ပတ်သက်လို့ ကျွန်တော်တို့အုပ် ချုပ်ရေးပိုင်းက ကူညီရမယ့်အနေအ ထားတွေရှိရင်လည်း ကူညီသွားမှာ ဖြစ်ပါတယ်""ဟု ပြောသည်။
အသင်းအနေဖြင့် မြန်မာ တို့၏အမျိုးသားယဉ်ကျေးမှုထွန်း ကားခဲ့ပုံများကိုသိရှိနိုင်ရန် ပန်းချီ၊ ပန်းပုပညာရပ်ဖြင့်ဖော်ထုတ်ပြသ ရန်အစီအစဉ်ရှိပြီး ပန်းချီပြပွဲတစ် ခုပြသနိုင်ရန် စီစဉ်လျက်ရှိကြောင်း အသင်းအမှုဆောင်တစ်ဦးဖြစ် သော ပန်းချီဆရာနီပိုဦးထံမှ သိ ရသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံယဉ်ကျေးမှုသံရုံးမှ တာဝန်ရှိ သူတစ်ဦးဖြစ်သည့် Ms.Huang Shan Shan က""ကျွန်မကတော့ တရုတ်ယဉ်ကျေးမှုသံရုံးမှ လက် ထောက်အတွင်းဝန်ဖြစ်ပါတယ်။ ဒီအခမ်းအနားကို ပထမအတွင်းဝန် နှင့်အတူ တက်ရောက်လာတာဖြစ် ပါတယ်။ အသင်းနဲ့ပူးပေါင်းဆောင် ရွက်နိုင်ဖို့ မျှော်လင့်ပါတယ်""ဟု ဒီမိုကရေစီတူဒေးသို့ ပြောကြားသည်။
အသင်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၅ ရက်မှစတင်၍ တရား ဝင်ဖွဲ့စည်းခွင့်ရခဲ့ပြီး အသင်းအနေ ဖြင့် မြန်မာ-တရုတ် ယဉ်ကျေးမှုဖ လှယ်ခြင်းနှင့် ပရဟိတလုပ်ငန်းများ ကို အဓိကထားဆောင်ရွက်ရန်ရှိ ကြောင်း သိရသည်။ အသင်းဆိုင်း ဘုတ်တင်ပွဲအပြီးတွင် အလှူရှင် အသီးသီးမှ အလှူငွေများပေးအပ် ခဲ့ကြသည်။
No comments:
Post a Comment