ဆွေးနွေးပွဲမှာ တရုတ်သမ္မတ ရှီက တရုတ်-အမေရိကန် ဆက်ဆံရေးနဲ့ ပတ်သက်လို့ အခြေခံကျတဲ့ အကြောင်းအရာတွေကို သမ္မတ ထရမ့်နဲ့ အမြင်ချင်းဖလှယ်ဖို့ အသင့်ရှိတယ်လို့ ပြောပါတယ်။
ဒါမှသာ လာမယ့် အနာဂတ်မှာ နှစ်နိုင်ငံ ဆက်ဆံရေး ဦးတည်ချက် ချမှတ်ပြီး ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုနဲ့ တည်ငြိမ်မှုကို အခြေခံကာ တရုတ်-အမေရိကန် ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နိုင်မယ်လို့ ဆွေးနွေးခဲ့ပါတယ်။
အမေရိကန် သမ္မတ ထရမ့်ကတော့ အမေရိကန်-တရုတ်ဆက်ဆံရေးဟာ အလွန်ကောင်းနေပေမယ့် ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး မျှတစေလိုတယ်လို့ ပြောခဲ့ပါတယ်။ အဲဒီလို ဖြစ်ဖို့ နီးစပ်နေချိန်မှာပဲ အကြောင်းတခုကြောင့် အနည်းငယ် ချွတ်ချော်ခဲ့တယ်လို့ ဆိုပါတယ်။
အခုအခါမှာတော့ အနည်းငယ် နီးစပ်လာပြီး နှစ်နိုင်ငံကြား မျှတတဲ့ ကုန်သွယ်ရေး သဘောတူညီချက်ရရင် သမိုင်းဝင်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။
No comments:
Post a Comment