ဒီနှစ် ဇွန်လ ၂၈ ရက်နေ့မှာတော့ စတုန်းဝေါ အဓိကရုဏ်း အနှစ် ၅၀ ပြည့်အခမ်းအနားကို နယူးယောက်မြို့မှာ ကျင်းပခဲ့ပြီး ကမ္ဘာအနှံ့က တက်ကြွလှုပ်ရှားသူတွေ လာရောက်ဆင်နွှဲခဲ့ပါတယ်။
ဒီနှစ်ပတ်လည် အခမ်းအနားဟာ စတုန်းဝေါ နှစ် ၅၀ ပြည့် အောင်ပွဲခံတဲ့ပွဲ ဖြစ်သလို သမ္မတ ဒေါ်နယ်ထရမ့်အစိုးရ မူဝါဒတွေကို ဝေဖန်တဲ့ပွဲလည်း ဖြစ်နေပါတယ်။
တက်ကြွလှုပ်ရှားသူ အတော်များများက ထရမ့်ရဲ့ မူဝါဒတွေဟာ လိင်စိတ်ခံယူချက်ကွဲပြားသူ အသိုက်အ၀န်းကို ထိခိုက်နိုင်တယ်လို့ ယူဆကြပြီး ကမ္ဘာ့နေရာ အတော်မျာများမှာ အဲဒီလူတွေအပေါ် အန္တရာယ်ကျရောက်ဆဲ အခြေအနေတွေကိုလည်း မီးမောင်းထိုးပြလိုကြပါတယ်။
အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဂျပ်ဒီးယားကတော့ သမ္မတ ထရမ့်ဟာ လိင်စိတ်ခံ ယူချက်ကွဲပြားသူတွေအပေါ် ဘယ်တုန်းကမှ ခွဲခြားဆက်ဆံတဲ့သဘော မထားရှိသလို သူတို့အပေါ် ခွဲခြားဆက်ဆံမှု မှန်သမျှကိုလည်း ဆန့်ကျင်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။
No comments:
Post a Comment