ယခုအခါ အီကွေတိုရီရယ် ဂီနီနိုင်ငံတွင် တိမ်းရှောင်နေသော ဂျမ်မီးကို ယင်းစွပ်စွဲချက်များနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်း ရန် ဘီဘီစီသတင်းဌာနက ကြိုး စားခဲ့သည်။ ၎င်း၏ APPR ပါတီ ပြော ရေးဆိုခွင့်ရှိသူတစ်ဦးက ဂျမ်မီး အပေါ် စွပ်စွဲထားသော စွပ်စွဲချက် များကို ပယ်ချသည်။
ဂျမ်မီး (၅၄)နှစ် တရားရင် ဆိုင်ရစေရေး ၎င်းနှင့် တွေ့လို ကြောင်း မစ္စစ်ဂျယ်လိုက ဘီဘီစီ သတင်းဌာနအား ပြောကြား သည်။
မစ္စစ်ဂျယ်လိုက ၎င်းသည် ၂၀၁၆ ဒီဇင်ဘာက ရွေးကောက် ပွဲ အနိုင်ရသူ သမ္မတ အဒါမာ ဘာရိုး ဖွဲ့စည်းထားသည့် ဂမ်ဘီ ယာ၏ အမှန်တရား၊ ရင်ကြားစေ့ ရေးနှင့် နစ်နာကြေးပေးရေး ကော် မရှင် (TRRC) ရှေ့မှောက်တွင် သက်သေခံ ထွက်ဆိုလိုသည်ဟု လည်း ပြောကြားသည်။
TTRC က ဥပဒေပြင်ပသတ် ဖြတ်မှုများ၊ နှိပ်စက်မှုနှင့် မတရား ထိန်းသိမ်းခြင်းတို့ အပါအဝင် ဂျမ်မီး၏ ၂၂ နှစ်ကြာ အုပ်ချုပ်မှု အတွင်း ကျူးလွန်ခဲ့သည်ဆိုသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ကို စုံစမ်းစစ်ဆေးနေသည်။
၎င်းသည် အာဏာကို စွန့် လွှတ်ရန် ငြင်းဆိုသဖြင့် ဒေသ ဆိုင်ရာ အင်အားကြီးနိုင်ငံများက တပ်ဖွဲ့ဝင်များ စေလွှတ်ပြီးနောက် ၂၀၁၇ ဇန်နဝါရီက ရာထူးမှ ထွက်ခဲ့ရသည်။ မြို့တော် ဘန်ဂျူလ်တွင် ၂၀၁၄ က အလှမယ်ဆုရပြီး နောက် ဂျမ်မီးနှင့် ၎င်းတွေ့ဆုံချိန က အသက် (၁၈)နှစ်သာရှိသေး ကြောင်း မစ္စစ်ဂျယ်လိုက ပြော သည်။
No comments:
Post a Comment