နောက်ဘ၀မှာ ကိုယ်ဒီ လိုမဖြစ်ဘူးလို့ ပြောလို့မရဘူး။ အဲဒီလိုဖြစ်နေတဲ့သူတွေကိုမပြော စေချင်ဘူး။ LGBT တွေကိုမြင် လည်း သဘောကျတယ်။ ချစ် တယ်။ သူတို့လည်း လူသားထဲက လူသားပဲ။ ကိုယ့်ကိုယ်ကိုယ်သတ် သေသွားတယ်ဆိုတဲ့သတင်းကြား ရတာ စိတ်လည်းမကောင်းဘူး’’ ဟု ၎င်းကပြောသည်။
၎င်းကို Lesbian ဟု ၀ိုင်းဝန်း ပြောဆိုခြင်းခံရသော်လည်း မည် သို့မျှ မခံစားရကြောင်း ဇွန်သံစဉ် က ပြောသည်။
အနုပညာအလုပ်မလုပ်မီ ကတည်းက LGBT များကိုချစ်ခင် သကဲ့သို့ အလှမယ်တစ်ဦးဖြစ်ပြီး အနုပညာအလုပ်လုပ်ကိုင်လာစဉ် တွင် ထိတွေ့ဆက်ဆံရသဖြင့် ထို သူတို့၏ဘ၀ကို ပို၍နားလည် သည်ဟု ဆိုသည်။
‘‘သူတို့တွေရဲ့ဘ၀ကဖြူစင် တယ်။ လူတွေထင်နေသလို မဟုတ်ဘူး။ သူတို့ကသူတို့ဘ၀ သူတို့ရပ်တည်တယ်။ အေးအေး ချမ်းချမ်းအလုပ်လုပ်တယ်။ လူ သားထဲက လူပါပဲ။ အဲဒီအတွက် ညီမကတော့ ရှုတ်ချတာမျိုး၊ ၀ိုင်း ၀န်းပြီး နှိပ်ကွပ်တာမျိုးမဖြစ်စေ ချင်ဘူး’’ဟု ဇွန်သံစဉ်က ပြော သည်။ ဇွန်လ ၂၆ ရက်သည် ၎င်း၏ (၂၄)နှစ်ပြည့်မွေးနေ့ဖြစ်ပြီး မွေးနေ့အမှတ်တရအဖြစ် ကျိုက္က လို့ဘုန်းတော်ကြီးကျောင်းရှိ သံ ဃာတော်များကို အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ မင်္ဂလာဒုံ အထူးကုဆေးရုံမှဝန်ထမ်းများနှင့် လူနာများကို နံနက်စာနှင့်နေ့ လယ်စာလှူဒါန်းခြင်းနှင့် ရွှေ ရောင်နှလုံးသားတိရစ္ဆာန်ကယ် ဆယ်ရေးဂေဟာရှိ ခွေးအကောင် ၆၅၀ ကို ထမင်းနှင့် အမဲသားဟင်း ကျွေးမွေးခြင်းတို့ ပြုလုပ်ခဲ့သည်။
No comments:
Post a Comment