Pages
Thursday, June 27, 2019
H1N1 ပြင်းထန် တုပ်ကွေးကြောင့် တစ်နိုင်ငံလုံးတွင် သေဆုံးသူ ၁၀ ဦး ထိရှိလာ၊ ကူးစက်ခံရသူ ၄၄ ဦးရှိ
မြန်မာတစ်နိုင်ငံလုံးတွင် H1N1 ပြင်းထန်ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၁၀ ဦးထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန သတင်းပြန်ကြားရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဒေါက်တာ ဖြူဖြူအေးကပြောသည်။ မြန်မာ တစ်နိုင်ငံလုံးအတိုင်းအတာအရ H1 N1 ဗိုင်းရပ်စ်ပိုးကြောင့် ရန်ကုန်တွင် ၉ ဦး၊ စစ်ကိုင်းတိုင်းတွင် ၁ ဦး စုစုပေါင်း ၁ဝဦးသေဆုံးသွားပြီဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနကသိရသည်။ “သေဆုံးသွားတဲ့သူတွေကို စစ်ကြည့်တဲ့အခါမှာ H1 N1 ရောဂါပိုးရှိနေတာကိုတွေ့ရတယ်” ဟု ဒေါက်တာ ဖြူဖြူအေးကပြောဆိုသည်။ လက်ရှိချိန်တွင် H1N1 ဗိုင်းရပ်စ်ပိုးရှိမရှိစစ်ဆေးလျက်ရှိသော သံသယလူနာ ၂၁၂ ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ လူနာ ၄၄ဦးရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment