Pages
Thursday, June 27, 2019
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ရန်ကင်းမြို့နယ် တရားရုံးက MDCF ခေါင်းဆောင်ကိုထင်ကျော်အား အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် MDCF ခေါင်းဆောင် ကိုထင်ကျော်ကို ရန်ကင်းမြို့နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် ၂ နှစ်ချမှတ် ခဲ့ကြောင်း ယင်းတရားရုံးမှ စုံစမ်းသိရသည်။ ဇွန်လ ၂၇ ရက်တွင် ရန်ကင်းမြို့နယ် တရားရုံး၌ MDCF ခေါင်းဆောင် ကိုထင်ကျော်ကို သီးသန့်ယာဉ်ဖြင့် ရုံးထုတ်ခဲ့ပြီး အထက်ပါအတိုင်း အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ကိုထင်ကျော်ကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၃၀ ရက်တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး တရားလိုဖြစ်သူမှာ ရန်ကင်းမြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း ဖြစ်ကြောင်း သိရသည်။ ၂၀၁၈ ဇူလိုင်လ အတွင်းက ရန်ကင်းမြို့နယ် တရားရုံးရှေ့၌ ပြောဆိုမှုများကြောင့် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်ကာ ၂၀၁၈ သြဂုတ်လ ၃၁ ရက်တွင် မဟာဗန္ဓုလပန်းခြံ၌ ဆန္ဒထုတ်ဖော်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment