

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် (ယနေ့) ဇွန်လ(၂၇)ရက် နံနက် (၁၀) နာရီက မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ကျောင်းနေအရွယ် ကလေးများမှာ (၄)တန်းအထိသာ ပညာသင်ကြားနေရသောကြောင့် ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ကြားကြရန်၊ မိဘများမှလည်း ကလေးများကို ပညာရေးမြှင့်တင်ပေးရန် မှာကြားခဲ့သည်။ ထို့အပြင် ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စီးပွားရေး နှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ ပြန်လည်ဖြေကြားခဲ့သည်။
No comments:
Post a Comment