ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးပေါ်တွင် ခရီးသည် တင်ယာဉ်လိုင်းများကို ခဲဖြင့်ပစ် သည့်ဖြစ်စဉ်သည် ယခင်ကတည်း က အများအပြားရှိခဲ့ကြောင်း၊ ယင်းကဲ့သို့လုပ်ဆောင်ခြင်းသည် ရည်ရွယ်ချက်ရှိပြီး ခရီးသည်များ အတွက် အန္တရာယ်ရှိကြောင်း ယာဉ်မှူးဦးအောင်ရွှေဝင်းက သုံး သပ်သည်။
ယခုလ ၂၃ ရက်ညအချိန် တွင် ရန်ကုန်မှ နေပြည်တော်အ တက်ဘက်လမ်းရှိမိုင်တိုင်(၆၀) နှင့်(၇၀)ကြား၌ ခိုင်မန္တလေး၊ JJ နှင့် မိုးကောင်းကင်ခရီးသည်တင် ယာဉ်လိုင်းများ ခဲဖြင့်ပစ်ပေါက်၊ လေးခွဖြင့် အပစ်ခံရခြင်းဖြစ် သည်။ ခရီးသည်တင်ယာဉ်များကို ခဲဖြင့် ပစ်ခံရသည့်ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားအောင် ရဲတပ်ဖွဲ့ အင်အားထုတ်နုတ်စုဖွဲ့ပြီး လှည့် ကင်းများ၊ ၀ပ်ကင်းများတိုးချဲ့ ဆောင်ရွက်မည်ဖြစ်ကြောင်း အ မြန်လမ်းမကြီးရဲတပ်ဖွဲ့က ဆို သည်။
ရန်ကုန်-မန္တလေးအမြန် လမ်းရှိ နေ့စဉ်အစီးရေ ၂၀,၀၀၀ ခန့် ဖြတ်သန်းသွားလာနေသော ယာဉ်များ လုံခြုံရေးအတွက် ၁၀ မိုင်နှုန်းလျှင် ရဲတပ်ဖွဲ့၏စစ်ဆေး ရေးစခန်းတစ်ခုစီနှင့် ရဲကင်းများ ထားရှိသည်ဟု အမြန်လမ်းရဲတပ် ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။ ယခုနှစ်ဇန်န၀ါရီမှ မေလအ ထိ အမြန်လမ်းပေါ်တွင် ယာဉ် မတော်တဆမှု ၂၃၄ မှုဖြစ်ပွားပြီး သေဆုံးသူ ၄၇ ဦးနှင့် ဒဏ်ရာ ရရှိသူ ၃၃၇ ဦးရှိပြီး သတ်မှတ် ကီလိုမီတာထက်ပိုမောင်းသည့် ယာဉ်အစီးရေ ၂,၀၀၀ ကျော်ကို လည်း အရေးယူခဲ့သည်။
No comments:
Post a Comment