
သေဆုံးသူမှာ မလှိုင်မြို့ အမှတ် (၅) ရပ်ကွက် ထန်းတောကျေးရွာနေသူ ဦဇော်မင်းသန်း(ခ)မင်းမင်း(၄၅ နှစ်) ဖြစ်ပြီး ၎င်းသည် ထန်းတောကျေးရွာမြောက်ဘက် အကျယ် ၄ ပေ အနက် ၃ ပေ ခန့်ရှိသော မိုးတွင်းရေကျချောင်းဘေး၌ ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိကြောင်း၊ ပတ်ဝန်းကျင်အားမေးမြန်းစုံးစမ်းရာ သေဆုံးသူသည် အရက်အလွန်အကျွန်သောက်စားသူတစ်ဦးဖြစ်ပြီး ဇွန် ၂၅ရက် ည ၈ နာရီခွဲအချိန် မိုးသည်းထန်စွာရွာသွန်းနေစဉ် အရက်သောက်ရန်နေအိမ်မှ ထွက်ခွာသွားပြီး ပြန်လည်ရောက်ရှိခြင်းမရှိဘဲ ကျေးရွာမြောက်ဘက်ရှိ ရေကျချောင်းအနီးတွင် ရေတစ်သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိကြောင်း မလှိုင်မြို့မရဲစခန်းမှူး ဒုရဲမှူးသန်းထွန်းထံမှ သိရသည်။ ဦးဇော်မင်းသန်း(ခ)မင်းမင်း၏ သေဆုံးမှုအား ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ရန် သေမှုသေခင်းဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment