
""ခရီးသွားများပြားလာတဲ့အချိန်၊ ကျောင်းသူ၊ ကျောင်း သား၊ ဆရာ၊ ဆရာမလိုက်ပါမှုများချိန်ဆိုရင် သင်္ဘောခရီးစဉ် တိုးချဲ့ပြေးဆွဲမှာပါ။ အခုလို မိုးတွင်းရာသီ ချင်းတွင်းမြစ်ရေ များချိန်မှာ အကြောင်းအမျိုးမျိုးနဲ့ သွားလာကြရတဲ့ ခရီးသည် တွေ လုံခြုံစိတ်ချစွာသွားလာနိုင်ဖို့ စီစဉ်ဆောင်ရွက်တာ ဖြစ် ပါတယ်""ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (ကလေးဝ) တာဝန်ခံက ဇွန် ၂၆ ရက်တွင် ပြောကြားသည်။
ချင်းတွင်းမြစ်ကြောင်းတွင် ယခင်အနှစ်သုံးလေးဆယ် ကျော်ကာလက ချမ်းဧ၊ ချမ်းသာ၊ ချမ်းလှ အစရှိကြသော သင်္ဘောကြီးများ၊ ပန်းဝါ၊ ပန်းနွယ်၊ ပပဝတီ စသည့်သင်္ဘော ကြီးများ၊ ဟံသာဝတီ၊ ဟင်္သာ၊ ကံသာ၊ ကံလှ စသည့် သင်္ဘော များ၊ သလ္လာဝတီ သင်္ဘောများ ရက်မှန် စုန်ဆန်ပြေးဆွဲခဲ့သော်လည်း လွန်ခဲ့သည့်နှစ်များမှ စတင်ရပ်နားခဲ့ရသည်။
ဇူလိုင် ၁ ရက်စတင်ပြေးဆွဲမည့်သင်္ဘောခရီးစဉ်တွင် သင်္ဘောစီးနင်းခ (ရိုးရိုး) မုံရွာ-မင်းကင် ကျပ် ၃၅၀ဝ၊ မုံရွာ-ကလေးဝ ကျပ် ၆၀ဝ၀၊ မုံရွာ- မော်လိုက် ကျပ် ၉၀ဝ၀၊ မုံရွာ-ဖောင်းပြင် ကျပ် ၁၃၀ဝ၀၊ မုံရွာ- ဟုမ္မလင်း ကျပ် ၂၅၀ဝ၀ ပေးရမည်ဖြစ်ပြီး ကုန်တန်ဆာခမှာ ကုန်တစ်တန်လျှင် မုံရွာ- ဟုမ္မလင်း ကျပ် ၂၂၀ဝ၀ သတ်မှတ်ထားသည်။
No comments:
Post a Comment