ပြည်ထောင်စုဝန်ကြီးနှစ်ဦး မရောက်မီ ဆန်ခါကျေးရွာရှိ နွံရေ ကန်ကြီးတစ်ခုထဲမှ ရေများကို စက်များတပ်ဆင်၍ ရေစုပ်ထုတ် သည်ကို မြင်တွေ့ရသည်ဟု ဒေ သခံများက ပြောသည်။
‘‘အရင်က တစ်ခါတလေမှ ရေစုပ်ထုတ်တာ။ ဒီတစ်လ၀န်း ကျင်မှာဆို ရေစုပ်ထုတ်တာ မတွေ့ ရဘူး။ လူကြီးလာမှလုပ်တာ’’ ဟု ဆန်ခါကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
ဖားကန့်မြို့နယ် ဆန်ခါကျေး ရွာတွင် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများ စွန့်ပစ်သောမြေစာ ပုံမှဖြစ်ပေါ်လာသည့် ဧက ၃၀ ခန့်ကျယ်သော နွံရေကန်ကြီး ကျိုးပေါက်မည့်အန္တရာယ်ကို စိုး ရိမ်၍ ရေစုပ်ထုတ်ပေးရန် (သို့မ ဟုတ်) ဖောက်ချပေးရန် ဒေသခံ များက မေလအတွင်း တောင်းဆို ခဲ့သည်။ ဆန်ခါကျေးရွာနှင့် သုံးဖာလုံခန့် အကွာရှိ နွံကန်ကြီးသည် ရေနှင့်ရွှံ့နွံများပြည့်နေပြီး အကယ်၍ရေကန်တာ ပေါင်ကျိုး ကျပါက ရွှံ့နွံများဆန်ခါ ကျေးရွာအတွင်း အရှိန်ဖြင့်ဆင်းလာနိုင်၍ ဒေသခံများက စိုးရိမ်နေသည်။
နွံကန်ကို လူနေရပ်ကွက်မရှိ သည့်ဘက်သို့ ဖောက်ချရန်လည်း ဒေသခံအချို့က တောင်းဆို သည်။ ယင်းနွံကန်သည် ကျောက် စိမ်းတူးဖော်ရေးကုမ္ပဏီ ငါးခု ထက်မနည်းက စွန့်ပစ်မြေစာပုံ ရာမှ ဖြစ်ပေါ်လာပြီး ကြိုတင်ကာ ကွယ်ခြင်းမရှိပါက ကျေးရွာအ တွက် အန္တရာယ်အလွန်များနေ သည်ဟု ဆန်ခါကျေးရွာအုပ်ချုပ် ရေးမှူး ဦးဇော်နန်က မေလအ တွင်း ပြောကြားသည်။
‘‘ခေတ်အဆက်ဆက်က ဒီ လိုလူကြီးလာမှ လုပ်ဆောင်ပြကြ ခြင်းဟာ လုပ်ဆောင်သူရော၊လာ ရောက်စစ်ဆေးသူတွေရော အ လွန်တရာမှ ရှက်ဖို့ကောင်းပါ တယ်’’ ဟု ဒေသခံ ဦးတင်လှိုင်က ပြောသည်။ ဒေသတွင်း ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်း များကို ကုမ္ပဏီများနှင့် ပူးပေါင်း ၍ လုပ်ဆောင်ထားကြောင်းမြန် မာ့ကျောက်မျက်ရတနာ ရောင်း ၀ယ်ရေးလုပ်ငန်း၊ လုံခင်း၊ ဖား ကန့် တူးဖော်ရေးဌာနက ပြည် ထောင်စုဝန်ကြီးနှစ်ဦး၏ ဖားကန့် ခရီးစဉ်တွင် ဗီနိုင်းဖြင့် ရေးသား ဖော်ပြပြီး ရှင်းပြခဲ့သည်။ အမှန် တကယ်တွင် ၀န်ကြီးခရီးစဉ်ရှိ သည့်နေ့မှသာ ကုမ္ပဏီများက ရေစုပ်စက်များချ၍ ရေစုပ်ထုတ်နေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက လူမှုကွန်ရက်၌ ဝေဖန်ထားသည်။
No comments:
Post a Comment