
ရွာမပြင်ကျေးရွာမှာ ဒုက္ခသည် ၁၀၀ လောက် ရောက်ရှိနေပြီး သရက်တပင်ကျေးရွာမှာ ဒုက္ခသည် ၃၀၀ လောက် ရောက်ရှိနေတယ်လို့လည်း ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့နေရာအနီးမှာ တပ်မတော်စစ်ကြောင်းက ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ လှုပ်ရှားသွားလာနေပြီး ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်တာတွေရှိနေတာကြောင့် AA အဖွဲ့က ဒီနေ့မနက်မှာ ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း၊ တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှုတွေရှိကြောင်း ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက RFA ကို ပြောပါတယ်။
AA အဖွဲ့ဘက်ကတော့ ကျဆုံးသူမရှိဘဲ ဒဏ်ရာရသူတွေသာရှိတယ်လို့လည်း ပြောပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ဒီနေ့တိုက်ပွဲဖြစ်ပွားတဲ့ အကြောင်းကို မသိရသေးကြောင်း RFA ကို ပြောပါတယ်။
No comments:
Post a Comment