Wednesday, June 12, 2019

ဆိုင်ကလုန်းမုန်တိုင်းဗာယု ချည်းကပ်လာလို့ အိန္ဒိယမှာ လူ ၃ သိန်းလောက် ဘေးလွတ်ရာရွှေ့ပြောင်းပေးထား

Image may contain: textအိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်းကို ဦးတည်နေတဲ့ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဗာယုကြောင့် လူ ၆ သန်းလောက် ထိခိုက်နိုင်ချေရှိနေပါတယ်။ လူ ၃ သိန်းလောက်ကို ဒုက္ခသည်စခန်း ၇၀၀ လောက်မှာ ပြောင်းရွှေ့နေရာချထားတယ်လို့ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနပြောခွင့်ရသူက အတည်ပြုပါတယ်။ မုန်တိုင်းသင့်တဲ့ခရိုင်တွေကကျောင်းတွေနဲ့ ကောလိပ်တွေကို သောကြာနေ့အထိ ပိတ်ထားမယ်လို့လည်း အရာရှိတွေကပြောပါတယ်။



လေတိုက်နှုန်းတစ်နာရီ ၇၅ မိုင်နှုန်းကျော်နဲ့ဝင်ရောက်နိုင်တဲ့အပူပိုင်းဆိုင်ကလုန်းဗာယုဟာ အိန္ဒိယအနောက်မြောက်ပိုင်းကို ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းဝင်ရောက်ခဲ့တဲ့မုန်တိုင်းတွေထဲမှာ အင်အားအပြင်းဆုံးဖြစ်လာနိုင်ချေရှိနေပြီး ပြီးခဲ့တဲ့တစ်လမှာ အိန္ဒိယအရှေ့မြောက်ပိုင်းကမ်းရိုးတန်းကို အားကောင်းတဲ့အပူပိုင်းဆိုင်ကလုန်းဖန်နီဝင်ရောက်ခဲ့ပြီးနောက် အခုမုန်တိုင်းဝင်လာတာပါ။

ဗုဒ္ဓဟူးနေ့မှာမွန်ဘိုင်းမြို့ရဲ့အနောက်ဘက် ၁၂၅ မိုင်အကွာလောက်ကို ဗာယုက ဖြတ်သန်းသွားမှာဖြစ်ပြီး ကြာသပတေးနေ့မှာတော့ အိန္ဒိယအနောက်ဘက်ကမ်းခြေက ဂူဂျာရတ်ပြည်နယ်ကို ၀င်ရောက်မှာပါ။

ရွှေ့ပြောင်းပေးရေး၊ ရှာဖွေရေး၊ ကယ်ဆယ်ရေးနဲ့ ဘေးလျော့ပါးစေရေးလုပ်ငန်းတွေအတွက် ဒေသအာဏာပိုင်တွေကို ကူညီပေးဖို့ တစ်ဖွဲ့ကို လူ ၄၅ ယောက်ပါတဲ့ အမျိုးသားသဘာဝဘေးတုံ့ပြန်ရေးအဖွဲ့ ၃၉ ဖွဲ့ကို နေရာဖြန့်ကျက်ချထားပါတယ်။

အပူပိုင်းဆိုင်ကလုန်းဗာယုဟာ အာရေဘီးယားပင်လယ်မှာ တနင်္လာနေ့မှာစတင်ဖြစ်ပေါ်လာပြီး အင်္ဂါနေ့မှာ ဟာရီကိန်းမုန်တိုင်းလောက်အင်အားရှိတဲ့အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းခဲ့တာပါ။

အင်္ဂါနေ့နှောင်းပိုင်းမှာတော့ မုန်တိုင်းဝင်ရောက်ချိန်မှာ ပြင်းအားက လေတိုက်နှုန်း တစ်နာရီကို မိုင် ၁၁၀ လောက်ရှိနိုင်တယ်လို့ ပူးပေါင်းတိုင်ဖွန်းသတိပေးစင်တာက သတိပေးထားပါတယ်။

တကယ်လို့ ပြင်းအားက မိုင် ၁၁၀ လောက်ရှိပြီဆိုတာ အတည်ပြုနိုင်ရင် ဗာယုဟာ ဒေသကို ၁၉၉၈ ခုနှစ်နောက်ပိုင်း ၀င်ရောက်တဲ့အပြင်းဆုံးမုန်တိုင်းဖြစ်ပါတယ်။

၁၉၉၈ ခုနှစ်က၀င်ရောက်ခဲ့တဲ့အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဟာ ပြင်းအားလေတိုက်နှုန်းတစ်နာရီကို မိုင် ၁၂၀ ရှိခဲ့ပြီး လူ ၁၀၀၀၀ ၀န်းကျင်သေဆုံးခဲ့ပါတယ်။

ဒါ့ကြောင့် အိန္ဒိယအာဏာပိုင်တွေနဲ့ စစ်တပ်က လူအင်အားဖြန့်ကျက်ချထားတာပါ။

မေလအစောပိုင်းမှာ ၀င်ရောက်ခဲ့တဲ့ ဖန်နီပြီးရင် ဗာယုဟာ အခုနှစ်ထဲမှာ အိန္ဒိယကိုဝင်ရောက်တဲ့ ဒုတိယမြောက်အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဖြစ်ပါတယ်။

No comments:

Post a Comment