
တောင်ဘက်ပတ်လမ်း (၈၂)လမ်းကနေ(၈၄) လမ်းအထိမှာ တော့ အဆင့်မြှင့်တင်လမ်းခင်း နေတဲ့လုပ်ငန်းက ၅၀ ရာခိုင်နှုန်း ကျော်ပြီးစီးနေပြီဖြစ်သလို လမ်း ပေါ်မှာ ရေလျှံမှုတွေမဖြစ်ပွားစေ ဖို့အတွက် ရေမြောင်းအသစ်တွေ တူးဖော်ခြင်းနဲ့ မြောင်းဖုံးတွေဖုံး ခြင်းတွေကိုပါထည့်သွင်းလုပ်ဆောင် ပါတယ်။ ပရိဝုဏ်အနောက်မြောက် ထောင့်က သာသနာ ၂၅၀ဝ ဗိမာန် အနီးဝင်ပေါက်မှာလည်း မုခ်ဦးတံ ခါးပေါက်တစ်ခုကို ဇူလိုင်လအတွင်း မှာ စတင်ဆောက်လုပ်သွားမှာဖြစ် ပြီး လုံခြုံရေးပိုင်းအားကောင်းစေ ဖို့ တံခါးပေါက်တွေမှာ ခေတ်မီ လျှောတံခါးတွေတပ်ဆင်မှာဖြစ် သလို လုံခြုံရေးဝန်ထမ်းတွေကို လည်း တိုးချဲ့ခန့်ထားသွားဖို့ရှိပါတယ်""ဟု မဟာမုနိဘုရားကြီးဂေါ ပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းက ဇွန် ၁၀ ရက်တွင် ဒီမိုကရေစီတူဒေးသို့ ပြောကြားသည်။
ဘုရားကြီးပရိဝုဏ်အတွင်း သို့ ယာဉ်များဝင်ရောက်နိုင်မည့်အရှေ့ဘက်ယာဉ်ရပ်နားစခန်းဝင် ပေါက်၊ မြောက်ဘက်မုခ်ဦးဝင်
ပေါက်၊ တောင်ဘက်မုခ်ဦးဝင်ပေါက် တို့ရှိရာ မြောက်ဘက်နာရီစင်ဝင် ပေါက်မုခ်ဦးကို အကျယ် ၇၄ ပေ အကျယ်ရှိ ခေတ်မီတံခါးပေါက်အ ဖြစ် ပြောင်းလဲနိုင်ရန်အတွက် ပြန် လည်တည်ဆောက်မှုလုပ်ငန်းကို ဇွန်လဆန်းပိုင်းမှစတင်ဆောင်ရွက် လျက်ရှိပြီး ယာဉ်ကြောကျပ်တည်း မှုမရှိစေရေးအတွက် မော်တော် ယာဉ်ဝင်ပေါက်တစ်ပေါက်၊ ဆိုင် ကယ်ဝင်ပေါက်နှစ်ပေါက်နှင့် လူ ဝင်ပေါက်နှစ်ပေါက်ပါဝင်မည်ဖြစ် သည်။ ယာဉ်အဝင်အထွက်အတွက် ခေတ်မီအာရုံခံစနစ်ပါ မောင်းတံ ဂိတ်များကို ပြောင်းလဲအသုံးပြုခြင်း နှင့်ပရိဝုဏ်ဝန်းကျင်ရှိလမ်းများ ကို တစ်လမ်းမောင်းမှ နှစ်လမ်း မောင်းသို့ ပြန်လည်သတ်မှတ်ပေး ခြင်းတို့ကြောင့် ပရိဝုဏ်အတွင်း ယာဉ်ကြောပိတ်ဆို့မှုများသိသာစွာ လျော့ကျလာပြီဖြစ်ကြောင်း သိရ သည်။
No comments:
Post a Comment