Pages
Wednesday, June 12, 2019
ဖမ်းဆီးခံရသည့် သတင်းထောက်တစ်ဦးနှင့် အောင်သပြေရွာသားနှစ်ဦးကို ရုံးထုတ်၊ တရားလိုရဲမှူးက ကိုယ့်ကိုကိုယ် သတ်သေသွား
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီး တည်ဆောက်နေသည့် ကျောက်မီးသွေး စွမ်းအင်သုံးဘိလပ်မြေစက်ရုံတည်ဆောက်ရေးစီမံကိန်းအပေါ် ကန့်ကွက်ဆန္ဒပြစဉ် ရွာသားများနှင့် ရဲတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ပါဝင်ခဲ့သည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် မန္တလေးအခြေစိုက် Channel Mandalay TV သတင်းဌာနမှ သတင်းထောက် အောင်ကြည်မြင့်(ခ) နန္ဒ (တစ်ကိုယ်တော်) အပါအဝင် အောင်သပြေကျေးရွာ ဒေသခံနှစ်ဦးဖြစ်သည့် မင်းနိုင်နှင့် ချစ်မင်းသူတို့ ၃ ဦးကို ဇွန် ၁၂ ရက်၊မွန်းလွဲ ၁ နာရီက ပုသိမ်ကြီးမြို့နယ်တရားရုံးတွင် တတိယအကြိမ်မြောက် ရုံးထုတ်ခဲ့သည်။ ၎င်းတို့ ၃ ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၃/၄၃၅/၁၁၄ တို့ဖြင့် ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူး မျိုးညွှန့်သန်းက တရားလိုပြုလုပ် ဖမ်းဆီး အရေးယူခဲ့ခြင်းဖြစ်သည်။ တရားလိုပြုလုပ်ထားသူ ရဲမှူး မျိုးညွှန့်သန်းမှာ ယနေ့ နံနက်ပိုင်းက မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။ နောက်ရုံးချိန်းကို ဇွန်လ ၁၃ ရက်တွင် ထပ်မံချိန်းဆိုထားသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment