Pages
Wednesday, June 12, 2019
အင်းလျားကန်ဘောင်မှာ လက်ပစ်ဗုံးတွေ့
ရန်ကုန်မြို့ အင်းလျားကန်ဘောင်တွင် ယနေ့ နေ့လည် ၁နာရီခွဲအချိန်က လက်ပစ်ဗုံး တစ်လုံးတွေ့ရှိခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။ " မြက်သန့်ရှင်းရေးလုပ်တဲ့အဖွဲ့က တွေ့တာပါ။ တရုတ်နိုင်ငံလုပ် လက်ပစ်ဗုံးပါ"ဟု ၎င်းက ပြောသည်။ အဆိုပါ လက်ပစ်ဗုံးတွေ့ရှိမှုကြောင့် မိုင်းရှင်းလင်းရေးတပ်ဖွဲ့ ရောက်ရှိလာပြီး ရှင်းလင်းနေကြောင်း ၎င်းက ဆက်လက်ပြောသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment